နောင်ချိုမြို့နယ်တွင် လေပြင်းတိုက်ခတ်မှု ကြောင့် ပျက်စီးဆုံးရှုံးခဲ့သော အိမ်ထောင်စုများအား ဆန်ရိက္ခာဖိုးနှင့် အိမ်ဆောက်ပစ္စည်းကုန်ကျစရိတ်များ ထောက်ပံ့ငွေ ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နောင်ချိုမြို့နယ်တွင် လေပြင်းတိုက်ခတ်မှု ကြောင့် ပျက်စီးဆုံးရှုံးခဲ့သော အိမ်ထောင်စုများအား ဆန်ရိက္ခာဖိုးနှင့် အိမ်ဆောက်ပစ္စည်းကုန်ကျစရိတ်များ ထောက်ပံ့ငွေ ပေးအပ်

 



MNP - ဧပြီ   ၂၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ဧပြီလ ၁၁ ရက်နေ့က လေပြင်းတိုက်ခတ်မှုကြောင့်ပျက်စီးဆုံးရှုံးခဲ့သော အိမ်ထောင်စုများအား ဆန်ရိက္ခာဖိုးနှင့် အိမ်ဆောက်ပစ္စည်း ကုန်ကျစရိတ်ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယနေ့မွန်းလွှဲ ၁နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကြည်တိုးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးမှိုင်းထွန်းအောင်မှ လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးသွားသည့် အိမ်ထောင်စုများအား ဆန်ရိက္ခာဖိုးနှင့် အိမ်ဆောက်ပစ္စည်းထောက်ပံ့ပေးအပ်ခြင်းနှင့် ပက်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

၎င်းနောက် ၁၁ -၄- ၂၀၂၂ရက်နေ့တွင် နောင်ချိုမြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးသွားသည့်ကျေးရွာအုပ်စု ၇ စု၊ ကျေးရွာခွဲ ၁၇ ရွာမှအိမ်ထောင်စုဦးရေ (၅၁)စုအတွက် ဆန်ရိက္ခာဖိုးငွေကျပ်၄၈၅၁၀၀/၊ အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေကျပ် ၄၅၉၀၀၀၀/ စုစုပေါင်းငွေကျပ် ၅၀၇၅၁၀၀အားထောက်ပံ့ပေးအပ်ခဲ့ရာ သက်ဆိုင်ရာ ကျေးရွာအုပ်စုနှင့်  ကျေးရွာများမှလက်ခံရယူခဲ့ကြောင်း သိရသည်။

သတင်း - ထွေးငယ် 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)