ငရုတ်ကောင်းမြို့တွင် ရှေးဦးသူနာပြုစုနည်း သင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငရုတ်ကောင်းမြို့တွင် ရှေးဦးသူနာပြုစုနည်း သင်တန်းဖွင့်လှစ်





MNP - ဧပြီ   ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့ ၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် ၉ နာရီက ရှေးဦးသူနာပြုစုနည်း သင်တန်းဖွင့်ပွဲ အခမ်းအနားကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာအခမ်းအနားတွင် ငရုတ်ကောင်းမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူး ဦးညီညီအောင်က နွေရာသီ ကျောင်းပိတ်ရက်များအတွင်း ကျောင်းသား၊ ကျောင်းသူများအား ယခုဖွင့်လှစ်သော သင်တန်းကို စနစ်တကျ သင်ကြားလိုက်နာကြရန်နှင့် ရှေးဦးသူနာ ပြုစုနည်းစနစ်များဖြင့် အများပြည်သူတို့၏ အသက်အန္တရာယ်ကို ကာကွယ်ပေးနိုင်သည့်အတွက် အလွန်မှမွန်မြတ်သော စေတနာဖြစ်ကြောင်းကို ပြောကြားခဲ့သည်။

ထို့နောက်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှဦးစီးမှူး ဒေါ်ကျော်မာလာလွင်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး သင်တန်းပို့ချမည့် နည်းပြဆရာများမှ သင်တန်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ၊ သင်ကြားပို့ချပေးမည့် အခြေခံ ဘာသာရပ်များအား ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ သင်တန်းသို့ ကျောင်းသား၊ ကျောင်းသူ(၂၀)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ဧပြီ(၂၃)ရက်နေ့မှ (၂၅)ရက်နေ့ထိ သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆရာများက စာတွေ့လက်တွေ့များဖြင့် သင်းကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - ပြုံးမောင်မောင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)