မအီမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒကို(၅၃၈)ဦး အေးချမ်းစွာဆက်လက်ဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မအီမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒကို(၅၃၈)ဦး အေးချမ်းစွာဆက်လက်ဖြေဆို






MNP ၊ ဧပြီ  ၆

၂၀၂၁ - ၂၀၂၂ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို မြန်မာနိုင်ငံတစ်ဝှမ်းတွင် မတ်လ(၃၁) ရက်နေ့မှ စတင်၍ ဖြေဆိုကျင်းပလျက်ရှိရာ ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် အ.ထ.က(မအီ)စာစစ်ဌာနနှင့် အ.ထ.က(လမူးမော်)စာစစ်ဌာနတို့တွင် ယနေ့ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်ကို ကျောင်းသားကျောင်းသူ(၅၃၈)ဦးတို့က အေးချမ်းစွာဆက်လက်ဖြေဆိုလျက်ရှိကြောင်းသိရသည်။ 

အ.ထ. က(မအီ) စာစစ်ဌာနတွင် ဇီဝဗေဒဘာသာရပ်ဖြေဆိုရန် စာရင်းပေးသွင်းထားသူ (၁၆)ဦးရှိပြီး ဖြေဆိုသူဦးရေစုစုပေါင်းမှာ (၁၅) ဦးရှိကြောင်း၊ ဖြေဆိုရန်ပျက်ကွက်သူဦးရေမှာ ကျား(၁)ဦး မ(ဝ)ဦးနှင့် ပျက်ကွက်သူ(၁)ဦးရှိကြောင်း၊ ဖြေဆိုရာခိုင်နှုန်းအနေဖြင့် (၉၃.၇၅)ရာခိုင်နှုန်းနှင့် ပျက်ကွက်ရာခိုင်နှုန်းမှာ(၆.၂၅)ရာခိုင်နှုန်းရှိကြောင်း၊ အဆိုပါစာစစ်ဌာနတွင် ဘောဂဗေဒဘာသာရပ်ကိုဖြေဆိုရန်စာရင်းပေးသွင်းထားသူ(၂၉၉)ဦးရှိပြီး ဖြေဆိုသူဦးရေစုစုပေါင်းမှာ(၂၆၉)ဦးရှိကြောင်း၊ ဖြေဆိုရန်ပျက်ကွက်သူဦးရေမှာ ကျား(၁၈)ဦး မ(၁၂)ဦးရှိ၍ ပျက်ကွက်သူ(၃၀)ဦးဖြစ်ကြောင်း၊ အ.ထ.က(လမူးမော်)စာစစ်ဌာနတွင် ဇီဝဗေဒဘာသာရပ်ဖြေဆိုရန်စာရင်းပေးသွင်းထားရှိသူ ကျောင်းသားကျောင်းသူ(၂၇)ဦးရှိသည့်အနက် ယနေ့ဇီဝဗေဒဘာသာရပ်ဖြေဆိုသူဦးရေမှာ (၂၄)ဦးရှိကြောင်းနှင့် ပျက်ကွက်သူဦးရေမှာ ကျား(၁)ဦးနှင့် မ(၂)ဦးရှိ၍ ပျက်ကွက်သူ(၃)ဦးဖြစ်ကြောင်းနှင့် လမူးမော်စာစစ်ဌာနတွင် ဘောဂဗေဒဘာသာရပ်ကို ဖြေဆိုရန်စာရင်းပေးသွင်းထားသူ ကျောင်းသားကျောင်းသူ(၂၀၀)ဦးရှိသည့်အနက် ဖြေဆိုသူဦးရေမှာ(၁၇၃)ဦးရှိကြောင်း၊ ပျက်ကွက်သူဦးရေမှာ ကျား(၁၉)ဦးနှင့် မ(၈)ဦးဖြစ်၍ ပျက်ကွက်သူ(၂၇)ဦးရှိကြောင်း သိရသည်။

သို့ဖြစ်၍ ယခုနှစ် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ၌ အ.ထ.က(မအီ)စာစစ်ဌာနနှင့် အ.ထ.က(လမူးမော်)စာစစ်ဌာနတွင် ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်ကိုဖြေဆိုသူကျောင်းသားကျောင်းသူစုစုပေါင်းဦးရေမှာ (၅၃၈)ဦးနှင့် ပျက်ကွက်သူဦးရေ(၆၁)ဦးရှိကြောင်း တောင်ကုတ်မြို့နယ်ပညာရေးမှူးရုံးကသိရသည် ။


သတင်း - မောင်မောင်ဌေး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)