MNP - ဧပြီ ၃၀
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ဝက်လှကြီးကျေးရွာအုပ်စု၊ ညောင်နီကုန်း ကျေးရွာတွင် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့ထောက်ပံ့ပေးအပ်ခြင်းနှင့် စုပေါင်းကြဲပက်ပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးစောထွန်းဦးက အမှာစကား ပြောကြားပြီး ဒုတိယ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးမှူး ဦးစန်းလွင်က သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) စိုက်ပျိုးခြင်းဖြင့် ရရှိနိုင်သော အကျို းကျေးဇူးများကို ပြောကြားသည်။
ဆက်လက်၍ မင်းလှ၊ အုတ်ဖို၊ သာယာဝတီ၊ လက်ပံတန်းတို့မှ တောင်သူများ၏ ဧက(၅၀) အတွက် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) (၂) ပြည်ဝင် မျိုးစေ့အိပ် စုစုပေါင်း (၅၀)အိတ်ကို တာဝန်ရှိသူများက ထောက်ပံ့ပေးခဲ့သည်။
ထို့နောက် ကွင်းအမှတ် (၁၁၀၅ w) တောင်သူ ဦးထွန်းဇော်၏ (၁၀)ဧက၌ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန ကွင်းဝန်ထမ်းများက ဒေသခံတောင်သူများအား လက်တွေ့သရုပ်ပြကြဲပတ်ပြသခဲ့၍ သစ်စိမ်းမြေဩဇာ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
သတင်း - ပေါက်စ
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment