ကိုင်းမကြီးကျေးရွာမှ မီးဘေးသင့်တောင်သူများအတွက် မိုးသီးနှံစိုက်ပျိုးနိုင်ရန် သီးနှံမျိုးစေ့များ အခမဲ့ ထောက်ပံ့ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကိုင်းမကြီးကျေးရွာမှ မီးဘေးသင့်တောင်သူများအတွက် မိုးသီးနှံစိုက်ပျိုးနိုင်ရန် သီးနှံမျိုးစေ့များ အခမဲ့ ထောက်ပံ့ပေးအပ်





MNP - ဧပြီ   ၂၄

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ ကိုင်းမကြီးကျေးရွာမှ မီးဘေးသင့် တောင်သူ များအတွက် မိုးရာသီတွင် သီးနှံများစိုက်ပျိုးနိုင်ရန် စပါး၊ မြေပဲ၊ နှမ်းနှင့် ပဲတီစိမ်း မျိုးသန့် မျိုးစေ့များ အခမဲ့ထောက်ပံ့ပေးအပ်ပွဲကို ယနေ့ နံနက် ၈ နာရီအချိန်က ကိုင်းမကြီးကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပြီး ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ပေးအပ်ခဲ့သည်။

ကိုင်းမကြီးကျေးရွာတွင် မတ်လ ၁၁ ရက်နေ့က ပေါ့ဆမီးကြောင့် မီးကြွင်းမီးကျန်မှ တစ်ဆင့် မီးလောင်မှု ဖြစ်ပွားခဲ့ပြီး အိမ်ခြေ (၇၂)အိမ်၊ လူဦးရေပေါင်း (၂၇၀)အိုးမဲ့အိမ်မဲ့ဖြစ်ပွားကာ သီးနှံစိုက် တောင်သူ (၂၄)ဦး ၏ သီးနှံမျိုးစေ့များ မီးလောင်ဆုံးရှုံးမှု ဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါ မီးဘေးသင့်တောင်သူများ၏ ကိုင်းနှင့် လယ်/ယာမြေများရှိ သီးနှံစိုက်ဧရိယာ ၂၀၅ ဒသမ ၆၂ ဧကတွင် မိုးသီးနှံများ စိုက်ပျိုးနိုင်ရန်အတွက် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် စပါး၊ မြေပဲ၊ နှမ်းနှင့် ပဲတီစိမ်း မျိုးသန့် မျိုးစေ့များ ကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက အခမဲ့ထောက်ပံ့ ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ထောက်ပံ့ရာတွင် မြေပဲစိုက်ဧရိယာ ၃၂ ဒသမ ၄၂ ဧကအတွက် မြေပဲမျိုးအတောင့် တင်း ၂၀၀၊ စပါး စိုက်ဧရိယာ ၁၀ ဧကအတွက် မနောသုခစပါးမျိုးသန့် ၁၀ တင်း၊ နှမ်းစိုက်ဧရိယာ ၁၂၄ ဒသမ ၄၈ ဧကအတွက် စမုံနက်နှမ်းမျိုးသန့် ၁၅ ဒသမ ၆၈ တင်း၊ ပဲတီစိမ်းစိုက် ဧရိယာ ၄၂ ဒသမ ၃၉ ဧကအတွက် ပဲတီစိမ်း (ရေဆင်း-၁၄) မျိုးသန့်မျိုးစေ့ ၁၀ ဒသမ ၅၃ တင်းကို မီးဘေးသင့်တောင်သူများထံ အခမဲ့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးဇော်လင်းက ပြောသည်။

ကိုင်းမကြီးကျေးရွာမှ မီးဘေးသင့် အိမ်ထောင်စုများအတွက် မြေနေရာများ ပြန်လည်သတ်မှတ်ပေးပြီး အဆောက်အဦ၊ ရေ၊ လျှပ်စစ်မီး စသည့် အခြေခံကျသော ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း မင်းဘူးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းထံက သိရသည်။

သတင်း - မောင်မောင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)