MNP ၊ ဧပြီ ၃၀
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့၌ ၂၀၂၂ ခုနှစ်၊ မေလ(၁)ရက်နေ့တွင်ကျရောက်မည့် အလုပ်သမားနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ဆိုင်ရာဝန်ထမ်းများစုပေါင်း သန့်ရှင်းရေးပြုလုပ်ခြင်းကို ယနေ့၊ နံနက်(၇) နာရီကရ သေ့တောင်မြို့အဝင်လမ်း ပန်းခြံနှင့် စေတီတောင်အနီးဝန်းကျင်များ၌ စုပေါင်းသန့်ရှင်း ရေးဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဌ ဦးနိုင်လင်းထက်ဦးဆောင်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများက မြို့၏အင်္ဂါရပ်များနှင့်အညီ ပတ်ဝန်းကျင်များ သန့်ရှင်းသာယာလှပစေရေးအတွက် ရသေ့တောင်မြို့ မြို့ပတ်လမ်း ပန်းခြံနှင့် စေတီ တောင်အနီးပတ်ဝန်းကျင်တို့၌ ပလပ်စတစ်အိတ်ခွံများ၊ သစ်ခြောက် သစ်ရွက်များနှင့် ခြုံနွယ် မြက်ပင်များအား ခုတ်ထွင်ရှင်းလင်းကြပြီး၊ စည်ပင်သာယာ
ရေးအဖွဲ့ပိုင် အမှိုက်သိမ်းကားဖြင့် သတ်မှတ်နေရာများတွင် စနစ်တကျ စွန့်ပစ်ခဲ့ကြသည်။
အဆိုပါသန့်ရှင်းရေးဆောင်ရွက်နေသည့်နေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ လာရောက်ကြည့်ရှုအားပေးကြပြီး၊ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ကြရာ ဌာနဆိုင်ရာ ဝန်ထမ်းအင်အား(၁၅၀)ဦးခန့် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သတင်း - ထွန်းလင်းကျော်
https://t.me/MyanmarNationalPost
No comments:
Post a Comment