တောင်ဥက္ကလာပမြို့နယ် ရည်ညွှန်းစာကြည့်တိုက်သို့ ဒေါက်တာမြင့်ခိုင် (စာရေးဆရာ ဥဂ်ဂါညို-ဒီပဲယင်း) ၏ စာအုပ်လှူဒါန်းပွဲနှင့် ဂီတနက်သန် ဂန္တဝင်တေးသီချင်းများ သရုပ်ပြတင်ဆက်ပွဲ အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ဥက္ကလာပမြို့နယ် ရည်ညွှန်းစာကြည့်တိုက်သို့ ဒေါက်တာမြင့်ခိုင် (စာရေးဆရာ ဥဂ်ဂါညို-ဒီပဲယင်း) ၏ စာအုပ်လှူဒါန်းပွဲနှင့် ဂီတနက်သန် ဂန္တဝင်တေးသီချင်းများ သရုပ်ပြတင်ဆက်ပွဲ အခမ်းအနား ကျင်းပ





MNP -  ဧပြီ   ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် အမှတ်(၆)ရပ်ကွက်၊ ရည်ညွှန်းစာကြည့်တိုက်တွင် အများပြည်သူ စာပေဗဟုသုတ ဖတ်ရှုလေ့လာနိုင်ရန်အတွက် ဒေါက်တာမြင့်ခိုင် (စာရေးဆရာ ဥဂ်ဂါညို-ဒီပဲယင်း) ၏ သုတ၊ ရသ စာအုပ်များ လှူဒါန်းခြင်းနှင့် ဂီတနက်သန် ဂန္တဝင်တေးသီချင်းများ သရုပ်ပြတင်ဆက်ပွဲအခမ်းအနားကို ယနေ့နံနက် (၉:၀၀)နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

စာအုပ်အခမ်းအနားတွင် တောင်ဥက္ကလာပမြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ ဆရာအောင်ကြည်ညွန့် (တက္ကသိုလ်) က အဖွင့်မုဒိတာစကား ပြောကြားခဲ့ပြီး အလှူရှင် ဒေါက်တာမြင့်ခိုင် (စာရေးဆရာ ဥဂ်ဂါညို-ဒီပဲယင်း) က စာအုပ်လှူဒါန်းခြင်း အကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ အလှူရှင်က တောင်ဥက္ကလာပမြို့နယ် စာရေးဆရာအသင်း ရည်ညွှန်းစာကြည့်တိုက်သို့ သုတ၊ ရသ စာအုပ်စာစောင်များ လှူဒါန်းခဲ့ရာ စာကြည့်တိုက်ဥက္ကဋ္ဌ ဆရာမလွင်လွင်ဝေ (မြန်မာစာ) က လက်ခံယူခဲ့ပြီး မြို့နယ်စာရေး ဆရာအသင်းဥက္ကဋ္ဌမှ အလှူရှင်အား ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ချီးမြှင့်ကာ ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။

ထို့နောက် တက်ရောက်လာသော စာပေဝါသနာရှင် ဧည့်ပရိတ်သတ်များအား ဂီတနက်သန် ဂန္တဝင်တေးသီချင်းများ သရုပ်ပြ တင်ဆက်ဖျော်ဖြေပြီး အခမ်းအနား ပြီးမြောက်ခဲ့ကြောင်း သတင်း ရရှိပါသည်။

သတင်း - ခင်ဆွေနှင်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)