ကျိုက်ထိုမြို့၌ အိုမီခရွန်မျိုးဗီဇပြောင်း ကိုဗစ်-၁၉ရောဂါကာကွယ်ရေး အသိပညာပေးနှိုးဆော် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ထိုမြို့၌ အိုမီခရွန်မျိုးဗီဇပြောင်း ကိုဗစ်-၁၉ရောဂါကာကွယ်ရေး အသိပညာပေးနှိုးဆော်



MNP ၊ ဧပြီ  ၅

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်တွင် အိုမီခရွန်မျိုးဗီဇပြောင်းကိုဗစ်-၁၉ရောဂါပိုး  ကြိုတင်ကာကွယ် သတိပြုနိုင်ကြစေရန် အတွက် အသိပညာပေးနှိုးဆော်ကြေညာခြင်းကို ကျိုက်ထိုမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  မှ ဝန်ထမ်းများက  ဧပြီ (၅)ရက်နေ့ နံနက်ပိုင်းက  Hand Speaker ဖြင့် မြို့ပေါ်ရပ်ကွက်များအတွင်း အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ အသိပညာပေးဆောင်ရွက်ရာတွင် ပြည်သူများ အနေဖြင့်  ကိုဗစ်-၁၉ရောဂါ ကူးစက်  ပြန့်ပွားမှုနှုန်း လျော့နည်းကျဆင်းမှုရှိပြီး  အခြားနိုင်ငံများတွင်ထပ်မံတွေ့ရှိသည့်မျိုးဗီဇပြောင်းအိုမီခရွန်ရောဂါပိုး ကူးစက်ပြန့် ပွါးမှုကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် ပြည်သူများအနေဖြင့် ကျန်းမာ ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်ကာကွယ်ရေးနည်းလမ်းများနှင့်အညီ နေထိုင်ကြရန်နှင့် ကာကွယ်ဆေးများကို လည်းတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လွှမ်းခြုံနိုင်မှုအပြည့်အဝရရှိစေရန်၊ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ ပြည်သူများအနေဖြင့် မပျက်မကွက်အကြိမ်ရေပြည့်ဝစွာ ထိုးနှံပေး ကြပါရန် အသိ ပညာပေးနှိုးဆော် ခြင်းကိုအရှိန်အဟုန်မြှင့်ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။


သတင်း -  အေးယုဝေ(ကျိုက်ထို)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)