တနင်္သာရီတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကို ကော့သောင်းခရိုင်အတွင်း ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိသည့် စေတနာ့ဝန်ထမ်းများအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ချီးမြှင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကို ကော့သောင်းခရိုင်အတွင်း ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိသည့် စေတနာ့ဝန်ထမ်းများအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ချီးမြှင့်





MNP - ဧပြီ   ၂၉

ကော့သောင်းခရိုင်အတွင်း  ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များတွင် ပူးပေါင်း ပါဝင်ဆောင်ရွက်လျက်ရှိသည့်စေတနာ့ဝန်ထမ်းများအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ချီးမြှင့်ပွဲကိုဧပြီလ ယနေ့နံနက် ၁၀ နာရီက ကော့သောင်းမြို့၊ မဉ္ဇူသကပြည်သူ့ခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ ပြုလုပ်ကျင်းပရာ တနင်္သာရီတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမြတ်ကို  တက်ရောက်ချီးမြှင့်ခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကိုက ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလမှ စတင်ဖြစ်ပွားခဲ့သည့် ကိုဗစ်-၁၉ ရောဂါ မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာအနှံ့ ကူးစက်ဖြစ်ပွားခဲ့ပြီး ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များတွင် စေတနာ့ဝန်ထမ်းများသည် နိုင်ငံအတွင်း မိမိတို့ရပ်ရွာအလိုက် မိမိပတ်ဝန်းကျင်အတွက် ကိုယ်ကျိုးစွန့်၍ ကူညီခဲ့သူများဖြစ်ပါကြောင်း၊ စေတနာ့ဝန်ထမ်းများသည် ရောဂါဖြစ်ပွားသူများကို ကူညီပေးခြင်း၊ ရောဂါ မပြန့်ပွားရေး ကာကွယ်ပေးခြင်း၊ အသိပညာပေးခြင်း၊ Quarantine စင်တာများတွင် ကူညီပေးခြင်းစသည့် လုပ်ငန်းများတွင် ကျန်းမာရေးဌာနနှင့်အတူ စွမ်းစွမ်းတမံဆောင်ရွက်ပေးခဲ့ကြသည့် အတွက် ကျေးဇူးအထူးတင်ရှိကြောင်း၊ ထို့အပြင် ရောဂါအပြင်းထန်ဆုံး အချိန်များကိုကျော်ဖြတ်ရာတွင် ရပ်ရွာပြည်သူများ၏ အခက်အခဲ၊ ပူပင်မှုများ ကိုတာဝန်သိစွာပူးပေါင်း ပါဝင်ဆောင်ရွက်ပေးခဲ့သည့်အပြင် ကာကွယ်ဆေးထိုးလုပ်ငန်းစဉ်များ၊ ဘိုစတာဆေးထိုးခြင်း လုပ်ငန်းစဉ်များ အထိစေတနာထား ပါဝင်ဆောင်ရွက်ပေးကြသည့် မြင့်မြတ်သည့်စိတ်ထားများကြောင့် နိုင်ငံတော် ကိုယ်စား ဂုဏ်ပြုချီးမြှင့်ခြင်းဖြစ်ပါကြောင်း၊ နိုင်ငံ့အကျိုး မြို့ရွာအကျိုးအတွက် ဆက်လက်ပံ့ပိုးကူညီဆောင်ရွက် ပေးကြစေလိုပါကြောင်း အမှာစကားပြောကြားသည်။

ယင်းနောက် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကိုနှင့်တာဝန်ရှိသူများက ကိုဗစ်၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များတွင်ပူးပေါင်း ပါဝင်ဆောင်ရွက်လျှက်ရှိသည့် ကော့သောင်းမြို့နယ်မှ စေတနာဝန်ထမ်း(၁၀၁)ဦးနှင့် ဘုတ်ပြင်းမြို့နယ်မှ (၁၁၁)ဦးတို့အား ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်း - ကျော်စိုး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)