မိုင်းတုံမြို့၌ နွေရာသီအခြေခံအားကစား သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းတုံမြို့၌ နွေရာသီအခြေခံအားကစား သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

 


MNP - ဧပြီ   ၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊မိုင်းတုံမြို့၌ နွေရာသီ အခြေခံအားကစားသင်တန်း ဆင်းပွဲအခမ်းအနားကို ယမန်နေ့ညနေ (၄:၄၅)အချိန်က မြို့နယ်အားကစားကွင်းတွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးလွင်မိုးက နွေရာသီ အားကစားသင်တန်းသည် နိုင်ငံတော်မှ ချမှတ်ထားသော မူဝါဒများဖြစ်သည့် “မြန်မာ့အားကစားမှ ကမ္ဘာအားကစားသို့” ဆောင်ပုဒ်နှင့်အညီ မြင့်မားသော ရည်မှန်းချက်၊ တစ်မျိုးသားလုံး ကျန်းမာသန်စွမ်းပြီး ကိုယ်လက်ကြံ့ခိုင်ရေးအတွက် အခြေခံအားကစားသင်တန်းများကို ဖွင့်လှစ်ခြင်းဖြင့် ထူးချွန်ထက်မြက်သော အားကစားလူရည်ချွန် မျိုးဆက်သစ်များ ပေါ်ပေါက်လာစေရန် ဖြစ်ကြောင်း၊ အားကစားနည်းအလိုက် အခြေခံနည်းစနစ်များကို စနစ်တကျ တတ်မြောက်စေလိုကြောင်း၊ သင်တန်းဆင်းပြီးသော်လည်း အားလပ်ချိန်တိုင်း အားကစားကွင်းတွင် လာရောက်ကစားနိုင်ကြောင်း အမှာစကားပြောကြားပြီး‌နောက် သင်တန်းတွင် ထူးချွန်သူများကို ဆုများချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ နွေရာသီအားကစားအ‌ခြေခံသင်တန်းကို အမျိုးသား ဘောလုံးသင်တန်းသား (၂၀)ဦး၊ အမျိုးသား ဖူးဆယ်(၁၀)ဦး၊အမျိုးသမီး ကြက်တောင်(၈)ဦး၊အမျိုးသား ကြက်‌တောင်(၈)ဦး၊ စားပွဲတင်တင်းနစ် အမျိုးသား(၄)ဦး၊စားပွဲတင်တင်းနစ် အမျိုးသမီး (၄)ဦး၊ အမျိုးသမီး အေရို့ဗစ်(Fitness Dance) အကသင်(၁၀)ဦး စုစုပေါင်းသင်တန်း(၅)မျိုးဖြင့် ၂၁-၃-၂၀၂၂ မှ ၅-၄-၂၀၂၃ နေ့ထိဖွင့်လှစ်‌ပေးခဲ့‌ကြောင်းကို မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ခံ ဦး‌ကျော်ဇင်လတ်ထံမှ သိရရှိသည်။

သတင်း - မျိုးကျော်စိုး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)