ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ပြည်သူများအား ရာနှုန်းပြည့် ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေး ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ပြည်သူများအား ရာနှုန်းပြည့် ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေး ဆောင်ရွက်



MNP - ဧပြီ   ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်း၌ ကာကွယ်ဆေးထိုးနှံခြင်းကို ရဟန်းရှင်လူပြည်သူများအား သက်ဆိုင်ရာ ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိပြီး ရာနှုန်းပြည့်ထိုးနှံပေးနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီမှစတင်၍  ကာကွယ်ဆေးအကြိမ်ပြည့် မထိုးနှံရသေးသည့်  ဆေးထိုးစုရပ်များတွင် ပုံမှန်ထိုးနှံ‌ခြင်းလုပ်ငန်းများကို ကျန်းမာရေး ဝန်ထမ်းများက ပြည်သူများအား ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးခဲ့ကြောင်းသိရသည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်နှင့် အိုမီခရွန်ဗိုင်းရပ် ကူးစက်မှုမှ ကာကွယ်နိုင်ရန် ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံနိုင်ရန် အသက်(၁၈) နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး  ထိုးနှံပေးခြင်း ကို ဧပြီ ၂၁ ရက်နေ့တွင် မြို့နယ်အတွင်းရှိ အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေး မထိုးနှံရသေးသည့်  (၃၈)ရပ်ကွက်ရှိ မင်္ဂလာအေးကျောင်းတိုက်နှင့် (၄၇)ရပ်ကွက်ဓမ္မာရုံ ဆေးထိုးစုရပ်များတွင်  ပထမအကြိမ် ထိုးနှံသူ(၅၀)ဦး၊ ဒုတိယအကြိမ် ထိုးနှံသူ(၂၀၅)ဦးနှင့် တတိယအကြိမ် ထိုးနှံသူ(၂၅၀) ဦးတို့အား ကာကွယ်ဆေးများထိုးနှံပေးခဲ့ကြောင်းသတင်းရရှိသည်။

သတင်း - မြင့်မြင့်ရီ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)