ဒိုက်ဦးမြို့နယ်၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး နည်းပညာပေးသင်တန်း ဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒိုက်ဦးမြို့နယ်၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး နည်းပညာပေးသင်တန်း ဆွေးနွေးပွဲကျင်းပ





MNP -  ဧပြီ   ၂၄

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်အမှတ်(၅)စိုက်ပျိုးရေးဆိုင်ရာ လူထုအခြေပြု လေ့လာ မှုစခန်း(ACLC)၌ယနေ့ နံနက် ၉ နာရီက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု ဖွံဖြိုးတိုး တက်ရေးနည်းပညာ ပေးသင်တန်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့သည်။

 အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့် ကအဖွင့်အမှာစကား ပြောကြားပြီးနောက် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးမှူးကမြစိမ်းရောင် စီမံကိန်း နှင့်ပတ်သက်၍လည်းကောင်း၊ ဆည်မြောင်းဦးစီးအရာရှိက နွေစပါးစိုက်ပျိုးရေးအတွက် ရေရရှိရေး ကိုလည်းကောင်း၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးမှူးက အသားကဏ္ဍတိုးတက်ရေးအတွက် လည်းကောင်း၊ စက်မှုလယ်ဦးစီးမှူးက ကောက်စိုက်စက်၊ ရိတ်သိမ်းစက်များအကြောင်းကို လည်းကောင်း၊ မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနမြို့နယ်တာဝန်ခံ ကစားသုံးသူကာကွယ်ရေး အသိပညာပေးနှင့် ပြည်တွင်းကုန်သွယ်မှု ဖွံဖြိုးတိုးတက်ရေး အသိပညာပေးဆွေးနွေး ပြောကြားခဲ့ သည်။

ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာနဦးစီးမှူးက နည်းပညာပေးသင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ် ချက်နှင့်စိုက်ပျိုးရေး၌ အဓိကဖြစ်သော မြေ၊ မျိုး၊ ပိုးအကြောင်းများကို လည်းကောင်းပြောကြားခဲ့ပြီး တောင်သူကြီးများ၏ သိလိုသည်များ သက်ဆိုင်ရာများကရှင်းလင်းပြောကြားကာ ဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့သည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ၊ ဆည်မြောင်းဦးစီးအရာရှိ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီဌာနဦးစီးမှူး၊ စက်မှုလယ်ယာဦးစီးမှုး၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ် တာဝန်ခံ၊ မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနဦးစီးမှူးနှင့် ဖိတ်ကြားထားသော တောင်သူဦးကြီးများ တက်ရောက်ကြကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)