မိတ္ထီလာခရိုင်အတွင်းရှိ ကျေးရွာတစ်ဆယ့်နှစ်ရွာတွင် ဒေသခံများသောက်သုံးရေအဆင်ပြေစေရန် ကျေးလက်ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိတ္ထီလာခရိုင်အတွင်းရှိ ကျေးရွာတစ်ဆယ့်နှစ်ရွာတွင် ဒေသခံများသောက်သုံးရေအဆင်ပြေစေရန် ကျေးလက်ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်


MNP -  ဧပြီ    ၂၂

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်တွင် ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ်တွင်  ကျေးရွာတစ်ဆယ့်နှစ် ရွာမှ ဒေသခံပြည်သူများ သောက်သုံးရေ အဆင်ပြေစေရေးအတွက် ကျေးလက်ရေရရှိရေးလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

မိတ္ထီလာခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၏ ကြီးကြပ်မှုအောက်ရှိ မိတ္ထီလာ၊ မလှိုင်၊ ဝမ်းတွင်း၊ သာစည်မြို့နယ်များတွင် ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်တွင် ခရိုင်အတွင်းရှိ ကျေးရွာ (၁၂)ရွာတွင်  စက်ရေတွင်းတူးခြင်း၊ ရေစင်နှင့် ရေစက်ရုံတည်ဆောက်ခြင်း၊  အုတ်ရေကန်တည်ဆောက်ခြင်း၊ စက်တပ်ဆင်ခြင်း၊ ပန့်နှင့်မော်တာတပ်ဆင်ခြင်း၊ ၄၀၀ဗို့အားလိုင်း သွယ်တန်းခြင်း၊ ပါဝါမီတာတပ်ဆင်ခြင်း၊ ရေပိုက်သွယ်တန်းခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်သည်။

ထိုသို့ဆောင်ရွက်ရာတွင် မိတ္ထီလာမြို့နယ်တွင် ကျေးရွာ (၃)ရွာ ၊ မလှိုင်မြို့နယ်တွင် ကျေးရွာ(၃)ရွာ၊ ဝမ်းတွင်းမြို့နယ်တွင် ကျေးရွာ(၃)ရွာနှင့် သာစည်မြို့နယ်တွင် ကျေးရွာ (၃)ရွာတို့ကို ဆောင်ရွက်သွားမည်ဖြစ်ရာ အဆိုပါ ကျေးလက်ရေရရှိရေးလုပ်ငန်းများကို ကျေးလက်ဒေသဖွံ့ဖြို့တိုးတက်ရေးဦးစီးဌာနမှ ကြီးကြပ်ပြီး တင်ဒါအောင်မြင်သည့် ကုမ္ပဏီများမှ တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်ဝင်းထံမှ သိရသည်။

သတင်း - သိန်းမြင့်ကျော်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)