၂၀၂၁-၂၀၂၂ ခုနှစ်၊ နွေစပါးစံကွက်ရိတ်သိမ်းပွဲ အခမ်းအနား ဓနုဖြူ၌ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၁-၂၀၂၂ ခုနှစ်၊ နွေစပါးစံကွက်ရိတ်သိမ်းပွဲ အခမ်းအနား ဓနုဖြူ၌ ကျင်းပ



MNP - ဧပြီ       ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ ကျုံတနီးကျေးရွာအုပ်စု ကွင်းအမှတ် (၁၁၉) တောင်သူ ဦးအောင်ဌေး၏ နွေစပါးဧက(၅၀) စံပြကွက်တွင် ယမန်နေ့နံနက်က မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ခုနှစ် နွေစပါးစံကွက် ရိတ်သိမ်းပွဲ အခမ်းအနားကို ကျင်းပခဲ့သည်။

အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးစိန်မောင်မြင့်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးအေးကိုတင့်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးချစ်ဝင်းနိုင်နှင့်ဝန်ထမ်းများ၊ မြေစာရင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ တောင်သူများ တက်ရောက်ခဲ့ပြီး အဆိုပါ နွေစပါး GW11 စပါးမျိုးအား ရိတ်သိမ်းချွေလှေ့စက်ဖြင့် (ဝ.၅၀)ဧကစံကွက် ရိတ်သိမ်းရာ တစ်ဧက အခြောက်အထွက်နှုန်း (၁၅၄.၂၃) တင်း ထွက်ရှိခဲ့သည်။

ဆက်လက်၍ နွေစပါး ပေါ်ဆန်းရင် စမ်းသပ်ကွက် တစ်ဧကအား ရိတ်သိမ်းရာ အခြောက်ထွက် နှုန်း (၁၀၀.၄၃)တင်း ထွက်ရှိကြောင်း သိရသည်။

သတင်း - အေးအေးအောင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)