ထားဝယ်မြို့ရှိဆေးဝါးနှင့် ဆေးပစ္စည်းဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ကြည်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ထားဝယ်မြို့ရှိဆေးဝါးနှင့် ဆေးပစ္စည်းဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ကြည်ရှုစစ်ဆေး





MNP -  ဧပြီ    ၂၉

တနင်္သာရီတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့သည် ထားဝယ်မြို့နယ် အစားအသောက်နှင့်ဆေးဝါး  ကြီးကြပ်ကွပ်ကဲရေးကော်မတီအဖွဲ့ဝင်များ၊ တရားမဝင်ကုန်စည်တားဆီး တိုက်ဖျက်ရေးအဖွဲ့နှင့်ပူးပေါင်း၍ ယမန်နေ့ညနေပိုင်းတွင် ထားဝယ်မြို့ရှိ ဆေးဝါးနှင့်ဆေးပစ္စည်း  ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် ကြည်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့နောက် တိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးမှူး ဒေါ်မေသန်းနိုင် ဦးဆောင် သောပူးပေါင်းအဖွဲ့များက ထားဝယ်မြို့ပေါ်ရှိအာဇာနည်လမ်း၊ ရေးလမ်း၊ နိဗ္ဗာန်လမ်းနှင့်မြို့တွင်း လမ်းများရှိဆေးဆိုင်များတွင် ဆေးဝါး/ဆေးပစ္စည်း ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ကောင်းမွန် သော ဆေးဝါးရောင်းချမှု ကျင့်စဉ်နှင့်ညီ/မညီ၊ ကောင်းမွန်သေားဆေးဝါး သိုလှောင်မှုရှိ/မရှကြည်ရှု စစ်ဆေးခဲ့ပြီး ဆိုင်ပိုင်ရှင်နှင့် တာဝန်ခံများအား တရားမဝင်၊ သက်တမ်းလွန်၊ လိုင်စင်မဲ့ဆေးများ မရောင်း ချရန် အသိပညာပေးတားမြစ်ခြင်းများဆောင်ရွက်ခဲ့ကြသည်။

ဆက်လက်၍ ဆေးဝယ်သူများအား ဆေးဝါးဝယ်ယူရာတွင် လိုက်နာရမည့် အချက်များပါဝင်သည့် လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြပြီး ဆိုင်များတွင် ဆေးဝါးနမူနာ (၃)မျိုးအားဝယ်ယူ၍ တိုင်းဒေသ ကြီးအစားအသောက်နှင့် ဆေးဝါးဦးစီးဌာန (ထားဝယ်) ရှိ Mini Lab တွင်ဆေးဝါးများစံကိုက်ညီမှုရှိ/မရှိ စစ်ဆေးထားရှိကြောင်း သိရသည်။

သတင်း - ရွှေပင်လယ်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)