နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က နေပြည်တော်အတွင်း ဆီထွက်သီးနှံဖြစ်သည့် နေကြာသီးနှံ တိုးချဲ့စိုက်ပျိုးမည့် စီမံချက်နှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေး တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က နေပြည်တော်အတွင်း ဆီထွက်သီးနှံဖြစ်သည့် နေကြာသီးနှံ တိုးချဲ့စိုက်ပျိုးမည့် စီမံချက်နှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေး တက်ရောက်



MNP -  ဧပြီ   ၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ဆီထွက်သီးနှံဖြစ်သည့် နေကြာသီးနှံ တိုးချဲ့ စိုက်ပျိုးမည့် စီမံချက်နှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် (၁၁)နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က မိမိတို့နိုင်ငံ၏ အဓိက စီးပွားရေးလုပ်ငန်းမှာ လယ်ယာစိုက်ပျိုးရေးလုပ်ငန်း ဖြစ်သည်နှင့်အညီ လူဦးရေ၏ (၇၀%)ရှိ ကျေးလက်ဒေသနေ တောင်သူများမှာ လယ်ယာလုပ်ငန်းခွင်တွင် လုပ်ကိုင်ကြလျက်ရှိပါကြောင်း၊ မိမိတို့အနေဖြင့် ကျေးလက်နေပြည်သူများ၏ လူမှုဘဝမြင့်မားရေး၊ စီးပွားရေး ကောင်းမွန်ရန်အတွက် ဦးစားပေး ဆောင်ရွက်ပေးရကြရမှာ ဖြစ်ပါကြောင်း၊ တောင်သူများအနေဖြင့် ရာသီဥတုပြောင်းလဲမှုနှင့်ကိုက်ညီသော သီးနှံများ တိုးချဲ့စိုက်ပျိုး ထုတ်လုပ်ရန်၊ ဒေသဆီဖူလုံမှုကို တိုးတက်ခိုင်မာစေပြီး ပိုလျှံသော ထုတ်ကုန်များအား တင်ပို့ရောင်းချခြင်းဖြင့် ဝင်ငွေများ တိုးတက်လာစေရန်၊ နေကြာသီးထပ်၊ သီးညှပ် တိုးတက်စိုက်ပျိုး ခြင်းဖြင့် သီးနှံစိုက်စွမ်းအား တိုးတက်စေပြီး မြေဆီလွှာထိန်းသိမ်းမှုအား အထောက်အကူပြုရန်၊ ဒေသတွင်း သီးနှံစုံစိုက်ပျိုး ခြင်းဖြင့် ပိုးမွှားရောဂါကျရောက်မှုနည်းပါးစေပြီး ဓာတုပိုးသတ်ဆေးများ သုံးစွဲမှု လျှော့ချကာ အန္တရာယ်ကင်းသော စားသောက်ကုန်များ တိုးတက်ထုတ်လုပ်လာနိုင်စေရန် အစရှိသည့်  ရည်ရွယ်ချက်များဖြင့် နေကြာသီးနှံကို တိုးချဲ့စိုက်ပျိုးရန် လိုအပ်ပါကြောင်း၊ ယခင်နှစ်က နေကြာကို (၁၉၄၁)ဧက စိုက်ပျိုးခဲ့ပြီး (၂၅) တင်းနှုန်း ထွက်ရှိခဲ့ကြောင်း၊ ယခုနှစ်တွင် နေကြာသီးနှံကို (၉၆၂၉)ဧက တိုးချဲ့စိုက်ပျိုးသွားမည်ဖြစ်ကြောင်းကို သိရှိရပါကြောင်း၊  နေပြည်တော်တွင် နေကြာ စိုက်ပျိုးမှုကို အောင်မြင်စွာ စိုက်ပျိုးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနအသီးသီးများက ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ပါကြောင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများက နေကြာသီးနှံ တိုးချဲ့စိုက်ပျိုးမည့် ကိစ္စရပ်များ၊ နေကြာသီးနှံစိုက်ပျိုးမှု အခြေအနေများ၊ ဆီထွက်သီးနှံများအပါအဝင် စိုက်ပျိုးရေး ကဏ္ဍတွင် ရင်းနှီးမြှပ်နှံ မှုဆိုင်ရာအခွင့်အလမ်းများ၊ ပျားဖြင့်ဝတ်မှုန်ကူးဆောင်ရွက်ခြင်း၊ ရေပေးဝေရေးလုပ်ငန်း၊ ထွန်ယက်ခြင်းလုပ်ငန်းများကို အသီးသီးဆွေးနွေးတင်ပြကြရာ နေပြည်တော် ကောင်စီအဖွဲ့ဝင်များက ဖြည့်စွက် ဆွေးနွေးကြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက တင်ပြဆွေးနွေးချက်များကို ပြန်လည်ဖြည့်စွက် ဆွေးနွေးပေးပြီး နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

သတင်း - ထွန်းထွန်းဝင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)