တောင်တွင်းကြီးမြို့နယ်၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒဘာသာရပ် ကျောင်းသားကျောင်းသူ ၁၃၆၈ ဦး ဝင်ရောက်ဖြေဆိုပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်တွင်းကြီးမြို့နယ်၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒဘာသာရပ် ကျောင်းသားကျောင်းသူ ၁၃၆၈ ဦး ဝင်ရောက်ဖြေဆိုပြီးစီး


MNP - ဧပြီ    ၅

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပဉ္စမနေ့ ရူပဗေဒဘာသာရပ်ကိုဧပြီ ၅ ရက်၊ ယနေ့ နံနက် ၉ နာရီက အခြေခံပညာ စာစစ်ဌာန(၄)ခုတွင် ဆက်လက်ဖြေဆိုကျင်းပရာ ကျောင်းသား ကျောင်းသူ ၁၃၆၈ ဦး ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။

တောင်တွင်းကြီးမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စားမေးပွဲ ရုပဗေဒဘာသာရပ်ကို အထက(၁)တောင်တွင်းကြီး၊ အထက (ဆတ်သွား)၊ အထက(ကုက္ကိုခွ) ၊ အထက(ကုက္ကိုကုန်း) ၊စာစစ်ဌာန(၄)ခုတွင် အေးချမ်းစွာ ဆက်လက်ဖြေဆိုကြရာ ယနေ့ စာမေးပွဲ ပဉ္စမနေ့ ရူပဗေဒ ဘာသာရပ်ကို ကျောင်းသား ၅၅၅ ဦး၊ ကျောင်းသူ ၈၁၃ ဦး၊ စုစုပေါင်း ကျောင်းသားကျောင်းသူ ၁၃၆၈ ဦး ဝင်ရောက်ဖြေဆို ခဲ့ရာ ဖြေဆိုမှုရာခိုင်နှုန်း ၉၁ ဒသမ ၃၂ ရာခိုင်နှုန်း ဖြေဆိုခဲ့ကြောင်း မြို့နယ်ပညာရေးမှူး ဒေါ်လှလှဝင်းထံမှ သိရသည်။

တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာနများအလိုက် ကျောင်းသားကျောင်းသူများ တည်ငြိမ် အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ နယ်မြေလုံခြုံရေး တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ကျောင်းသားမိဘများက အနီးကပ် ကြီးကြပ်၍ ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ 

သတင်း - ဦးနိုင်ဝင်း 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)