MNP - ဧပြီ ၂၆
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တတိယအကြိမ် ဆေးထိုးနှံခြင်းလုပ်ငန်းကို ယနေ့နံနက် ၁၀ နာရီ အချိန်က ပြည်သူ့ကျန်းမာရေးဦးစီဌာန (မိခင်နှင့်ကလေး ကျန်းမာရေးဌာန)၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါဆေးထိုးခြင်းလုပ်ငန်း၌ မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် ကုသရေးစည်း ကမ်းများနှင့်အညီ ဆောင်ရွက်ပြီးလာရောက် ထိုးနှံကြသောဝန်ထမ်းများ၊ ကာကွယ်ဆေးထိုးနှံရန် အကျုံးဝင်သောသူများအား ဆေးထိုးပြီးသည့် အကြိမ်ကို စာရင်းရေးသွင်း မှတ်သားခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ Mask များ စနစ်တကျ တပ်ဆင်စေခြင်း၊ ဆေးထိုးပြီးနာရီဝက်အကြာ စောင့်ကြည့်ခြင်းနှင့် ပုံမှန်အနေအထား ပြန်ရောက်မှသာ သွားခွင့်ပြုကြောင်းနှင့် ဆေးထိုးခြင်း လုပ်ငန်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်နှင့် အဖွဲ့ဝင်များ၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သတင်း - ဟင်နရီမီးကိုဆာ
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment