မိုင်းဆတ်မြို့၌ စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်သင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းဆတ်မြို့၌ စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်သင်တန်းဖွင့်လှစ်



MNP  -  ဧပြီ   ၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့် သင်တန်းကို ခရိုင်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ယနေ့နံနက်(၉)နာရီက ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းလွင်က စိုက်ပျိုးရေး ဦးစီးဌာန၏ အဓိကလုပ်ငန်းများဖြစ်သည့် မျိုးကောင်းမျိုးသန့်ထုတ်လုပ်ရေး၊ လေ့ကျင့်ပညာပေးရေး လုပ်ငန်း၊ သုတေသနနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းများ အလေးထားဆောင်ရွက်ရန်လိုကြောင်း ရှင်းလင်းပြောကြားသည်။

သင်တန်းတွင် ခရိုင်မျိုးစေ့တာဝန်ခံက နေကြာသီးနှံမျိုးစေ့ ထုတ်လုပ်နည်းစနစ်နှင့် စိုက်ပျိုးရေးနည်း စနစ်များ၊ ခရိုင်မြေအသုံးချရေးတာဝန်ခံမှ သဘာဝမြေဩဇာပြုလုပ် သုံးစွဲခြင်း၊ ခရိုင်သီးနှံတာဝန်ခံမှ နေကြာသီးနှံပိုးမွှားရောဂါဘက်စုံ ကာကွယ်နှိမ်နင်းနည်းတို့ကို ပါဝါပွိုင့်ဖြင့် သင်ကြားပို့ချပေးလျက်ရှိပြီး သင်တန်းသို့ စိုက်ပျိုးရေးဝန်ထမ်း(၁၅)ဦး တက်ရောက်သင်ကြားလျက် ရှိကြောင်းသိရသည်။

သတင်း - မြင့်မောင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)