ပခုက္ကူမြို့နယ်၊ ဘဲကြီးကျေးရွာတွင် ကုန်ထုတ်လမ်းဖောက်လုပ်ပေးနိုင်ရေး ကွင်းဆင်းတိုင်းတာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပခုက္ကူမြို့နယ်၊ ဘဲကြီးကျေးရွာတွင် ကုန်ထုတ်လမ်းဖောက်လုပ်ပေးနိုင်ရေး ကွင်းဆင်းတိုင်းတာ



MNP - ဧပြီ    ၂၇

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ဘဲကြီးကျေးရွာတွင် ကုန်ထုတ်လမ်းဖောက်လုပ်ပေးနိုင်ရေး ယနေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းတိုင်းတာ ဆောင်ရွက်ကြသည်။

ထိုသို့ကွင်းဆင်းတိုင်းတာရာတွင် ပခုက္ကူခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဇော်လင်းနိုင် ဦးဆောင်မှုဖြင့် ပခုက္ကူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးသန့်ဇင်ထွန်းနှင့် တာဝန်ရှိသူများ လိုက်ပါကြပြီး ပခုက္ကူမြို့နယ်၊ ဘဲကြီးကျေးရွာ ကုန်ထုတ်လမ်းဖြစ်မြောက်ရေး ကော်မတီဝင်များနှင့်အတူ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ကုန်ထုတ်လမ်း အရှည်တစ်မိုင် (မြေနီကျောက်စရစ်ခင်းခြင်းလုပ်ငန်း)နှင့် ကုန်ထုတ်တံတားအဖြစ် ရေကျော်နှင့် Slab Culvert တည်ဆောက်မည့် မြေနေရာများကို ကြည့်ရှုစစ်ဆေးကာ မြေနေရာရရှိနိုင်မှု၊ လက်ရှိ လမ်းအကျယ်အဝန်းနှင့် လမ်းအူကြောင်း အခြေအနေတို့ကို စနစ်တကျတိုင်းတာကြသည်။

ကုန်ထုတ်လမ်း ဖောက်လုပ်ပေးပါက ဘဲကြီးကျေးရွာဒေသခံ တောင်သူများ၏ နွေ၊ မိုး၊ ဆောင်း ရာသီအလိုက် သီးနှံထွက်ကုန်များ သယ်ယူပို့ဆောင်ရွာ၌ အဓိကအားထားရသည့် ကုန်ထုတ် လမ်းတစ်လမ်း ဖြစ်မည်ဖြစ်ကြောင်း သိရသည်။

သတင်း - ဆလိုင်းကိုကီး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)