ကရင်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ (၄/၂၀၂၂) အစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကရင်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ (၄/၂၀၂၂) အစည်းအဝေးကျင်းပ


MNP -ဧပြီ    ၂၂

ကရင်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ (၄/၂၀၂၂) အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၃) ၌ ကျင်းပသည်။

အစည်းအဝေးတွင် ကရင်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ကရင်ပြည်နယ်၏ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နိုင်သည့် အခွင့်အလမ်း၊ အခွင့်အရေးများ ရရှိလာပြီဖြစ်သည့်အတွက် ယခင်ကထက် ပိုမိုဖွံ့ဖြိုး တိုးတက်အောင်ဆောင်ရွက်ဖို့ လိုအပ်မည်ဖြစ်ကြောင်း၊ ယခင်ကထုတ်ပြန်ခဲ့သည့် လူစုလူဝေး ကန့်သတ်ချက်မရှိတော့ဘဲ နိုင်ငံတကာလေကြောင်း လိုင်းများပြန်လည် ပြေးဆွဲနေပြီ ဖြစ်သည့်အတွက် ပြည်ပခရီးသွားဧည့်သည်များ ဝင်ရောက်လာခြင်းနှင့်အတူ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းများ ပြန်လည်ဦးမော့လာမည်ဟု ယူဆရပါကြောင်း၊ ခရီးစဉ်ဒေသများ၊ နေရာများကို တိုးချဲ့လာနိုင်ခြင်းနှင့်အတူ ခရီးသွားပြည်သူများကို နည်းလမ်းပေါင်းစုံဖြင့် သတင်းအချက် အလက်များ ဖြန့်ဝေပေးဖို့ လိုကြောင်း၊ ဒေသဆိုင်ရာခရီးသွားလုပ်ငန်း အောင်မြင်တိုးတက်ရေး အတွက် ယခုအစည်းအဝေးသို့ တက်ရောက်လာသူများက ဝိုင်းဝန်းဆွေးနွေး ပူးပေါင်း ဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌ စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်က ပြည်နယ်သို့လာရောက်လည်ပတ်သည့် ပြည်တွင်း၊ပြည်ပ မသန်စွမ်းခရီး သွားပြည်သူများအတွက် ခရီးသွားဝန်းကျင်ကောင်းများ ဖန်တီးပေးရေး၊ အဆင်ပြေ လွယ်ကူချောမွေ့သည့် ခရီးသွားလုပ်ငန်းဖော်ဆောင် ရေးဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးပြော ကြားပြီး ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီအတွင်းရေးမှူး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန ပြည်နယ်တာဝန်ခံက လုပ်ငန်းဆောင်ရွက်မှု အခြေအနေနှင့် (၄/၂၀၂၂) အစည်းအဝေးတွင် ဆုံးဖြတ်အတည်ပြုရမည့် ကိစ္စရပ်များအား Power Point အသုံးပြု ရှင်းလင်း တင်ပြသည်။

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသော ကော်မတီဝင်များက ဝိုင်းဝန်း အကြံပြု ဆွေးနွေးခဲ့ကြပြီး ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးက နိဂုံးချုပ်အမှာ စကားပြောကြားခဲ့သည်။

သတင်း - စောမျိုးမင်းသိန်း 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)