မိုင်းကိုင်မြို့နယ်၌ နွေရာသီ ရှမ်းရိုးရာသိုင်း၊ ကိန္နရာအကနှင့် ရှမ်းခေါင်းပေါင်းနည်းသင်တန်း ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းကိုင်မြို့နယ်၌ နွေရာသီ ရှမ်းရိုးရာသိုင်း၊ ကိန္နရာအကနှင့် ရှမ်းခေါင်းပေါင်းနည်းသင်တန်း ဖွင့်လှစ်




MNP - ဧပြီ   ၂၇

ရှမ်းပြည်နယ်တောင်ပိုင်း၊မိုင်း ကိုင်မြို့နယ်၌ မြို့နယ်ရှမ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့၊ ရှမ်းစကားပရဟိတအသင်း၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ နွေရာသီ ရှမ်းရိုးရာသိုင်း၊ ကိန္နရာ အကနှင့် ရှမ်းခေါင်းပေါင်းနည်းသင် တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေက မြို့နယ်အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ် ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌ ဒေါ်နန်းခင်မြင့်သန်း က နွေရာသီ ကာလအတွင်း လူငယ်လူ ရွယ်များ၊ ကျောင်းသား၊ ကျောင်းသူများအချိန်ကို အကျိုးရှိစွာ အသုံးချနိုင်စေရန်၊ ရှမ်းရိုးရာယဉ်ကျေးမှုကို ချစ်မြတ်နိုးတန်ဖိုးထားတတ်စေရန်၊ သွက်လက်ထက်မြက်သည့် လူငယ်၊ လူရွယ်များပေါ်ပေါက်လာစေရန် သင်တန်း ဖွင့်လှစ် ရခြင်းဖြစ်ကြောင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် သင်တန်း ဆရာ ဦးစိုင်းစွမ်ခမ်းနှင့် မြို့နယ်ပညာရေးမှူး ဦးခင်မောင်ကိုတို့က လက်သိုင်း၊ ဓါးနှစ်ချောင်းသိုင်း၊ သင်တန်းဆရာမများက နံချပ်ကူ အခြေခံကစားနည်း၊ တုတ်သိုင်း၊ ကိန္နရာအက၊ ရှမ်းရိုးရာ လမ်းဝုံး အကတို့ဖြင့် ဖျော်ဖြေတင်ဆက် ကပြခဲ့သည်။

သင်တန်းဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်‌ရေးမှူး  ဦးအောင်စိုးဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူငယ်၊ လူရွယ်များနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး သင်တန်းကို ဧပြီလ ၂၆ ရက်မှ မေလ ၅ ရက်နေ့ အထိ သင်တန်းကာလ ၁၀ ရက် ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ် ကြောင်းသိရ သည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)