နောင်တရားတိုက်နယ်ဆေးရုံ ဇီဝိတဒါနသံဃာ့ဂိလာနဆောင် ဖဲကြိုးဖြတ်ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နောင်တရားတိုက်နယ်ဆေးရုံ ဇီဝိတဒါနသံဃာ့ဂိလာနဆောင် ဖဲကြိုးဖြတ်ဖွင့်လှစ်


MNP - ဧပြီ   ၂၉

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့၌ နောင်တရားပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယကဆရာတော် ဘုရားကြီး ဘဒ္ဒန္တဂန္ဓမာ၏ သက်တော် (၈၃)နှစ်ပြည့်မွေးနေ့အထိမ်းအမှတ် ဝိဇာတမွေးနေ့ပူဇော်ပွဲနှင့် နောင်တရားတိုက်နယ်ဆေးရုံ ဇီဝိတဒါနသံဃာ့ဂိလာနဆောင်ကို ယနေ့နံနက် ၉ နာရီတွင် နောင်တရားပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယကဆရာတော် ဘုရားကြီး ဘဒ္ဒန္တဂန္ဓမာ၊ ပင်လောင်းမြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင့်ဇော်ထက်နှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာဒေါ်ခင်သိန်းထွေးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်သည်။

နောင်တရားတိုက်နယ်ဆေးရုံ၌ ဇီဝိတဒါနသံဃာ့ဂိလာနဆောင် ဖွင့်ပွဲအခမ်းအနားတွင် နောင်တရားတိုက်နယ်ဆေးရုံမှ ဒေါက်တာပလပ်တီနမ်က ဇီဝိတဒါနသံဃာ့ဂိလာနဆောင် တည်ဆောက်မှု ဖြစ်စဉ်အကျဉ်းကို ရှင်းလင်းတင်ပြသည်။ ဇီဝိတဒါနသံဃာ့ဂိလာနဆောင် ဆောက်လုပ်ရန်အတွက် နောင်တရားပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယကဆရာတော် ဘုရားကြီးမှ နောင်တရားတိုက်နယ်ပြည်သူ့ဆေးရုံအတွက် မြေနေရာသတ်မှတ်စဉ်ကာလတွင် သံဃာဆောင်မြေနေရာအတွက်(ဝ.၂၄)ဧကကို နာမကျန်းဖြစ်သည့် သံဃာများ ကျန်းမာရေး စောင့်ရှောက်မှုနှင့် ဆေးကုသမှုခံယူနိုင်ရန်အတွက် ရည်ရွယ်၍ ဇီဝိတဒါနသံဃာ့ ဂိလာနဆောင်‌ ဆောက်လုပ်ရန် မြေနေရာအား လှူဒါန်းခဲ့သည်။ အဆိုပါမြေနေရာမှ ဇီဝိတဒါနသံဃာ့ ဂိလာနဆောင်ကို အများပြည်သူထည့်ဝင်လှူဒါန်းငွေ (၁၃၁၉၅၇၁၅၀)ကျပ်နှင့် ဆရာတော် ဘုရားကြီးမှ ထည့်ဝင်လှူဒါန်းငွေ(၄၈၂၁၉၄၀၅)ကျပ်၊ စုစုပေါင်းကုန်ကျငွေ (၁၈၀၁၇၆၅၅၅)ကျပ် ဖြစ် ဆောက်လုပ်လှူဒါန်းခဲ့သည်။

နောင်တရားတိုက်နယ်ဆေးရုံ၌ ဇီဝိတဒါနသံဃာ့ဂိလာနဆောင် ဖွင့်ပွဲနှင့် နောင်တရားပရိယတ္တိ စာသင်တိုက် ဦးစီးပဓာန နာယကဆရာတော် ဘုရားကြီး ဘဒ္ဒန္တဂန္ဓမာ၏ သက်တော် (၈၃)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် ဝိဇာတမွေးနေ့ပူဇော်ပွဲ ကျင်းပခဲ့ပြီး မွန်းလွဲပိုင်းတွင် သံဃာတော်အရှင်သူမြတ်များထံမှ တရားတော်ကို အတူတကွနာကြားကာ ကုသိုလ်ကောင်းမှု အလှူအစုစုအတွက် ရေစက်ချအမျှပေးဝေခဲ့ကြောင်း သိရသည်။

သတင်း - ခွန်အောင်

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)