သာပေါင်းမြို့နယ်တွင် အခြေခံမဲဆန္ဒရှင်စာရင်းများ မှန်ကန်ရေးအတွက် ရပ်/ကျေး လူဦးရေ စာရင်းနှင့် မြေပြင်တိုက်ဆိုင် စစ်ဆေးခြင်းများဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာပေါင်းမြို့နယ်တွင် အခြေခံမဲဆန္ဒရှင်စာရင်းများ မှန်ကန်ရေးအတွက် ရပ်/ကျေး လူဦးရေ စာရင်းနှင့် မြေပြင်တိုက်ဆိုင် စစ်ဆေးခြင်းများဆောင်ရွက်



MNP -  ဧပြီ   ၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် အခြေခံမဲဆန္ဒရှင် စာရင်းများ မှန်ကန်ရေးအတွက် ရပ်/ကျေး မြေပြင်လူဦးရေစာရင်းနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးရှိ လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းများကို ယနေ့ ဧပြီလ ၄ ရက်နေ့ နံနက် ၉ နာရီ အချိန်မှစတင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်အေးခန်းမတွင် ပြုလုပ်ခဲ့သည်။

အခြေခံမဲဆန္ဒရှင်စာရင်းများ မှန်ကန်ရေးအတွက် ရပ်/ကျေး လူဦးရေ စာရင်းနှင့် မြေပြင်တိုက်ဆိုင် စစ်ဆေးခြင်းများဆောင်ရွက်ကြရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏  လုပ်ငန်းစဉ်(၅)ရပ်နှင့်အညီ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲပြန်လည်ကျင်းပ၍ အနိုင်ရရှိသည့်ပါတီအား ဒီမိုကရေစီ စံချိန်စံညွှန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက်လုပ်ဆောင်ရန်နှင့် လိုအပ်သည့် အချိန်ကာလ အတွင်း မဲစာရင်းများ အချိန်မီပြီးစီးနိုင်ရေး၊ ယခင်က မဲစာရင်းများ စစ်ဆေးရာတွင် မှန်ကန်မှု မရှိသည့် အတွက် တပ်မတော်မှ နိုင်ငံတတော်အာဏာကို ခေတ္တလွှဲပြောင်း တာဝန်ယူထားရသည့် အတွက် ယခုပြန်လည်ကျင်းပမည့် ရွေးကောက်ပွဲတွင် မြေပြင်စာရင်းနှင့် တိုက်ဆိုင်စစ်ဆေးသည့်အခါ မဲစာရင်းများ မှန်ကန်မှုရှိစေရေးမဲစာရင်းများ အောင်မြင်စွာပြီးစီး ဆောင်ရွက်နိုင်ရေး၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ စာရင်းနှင့် မြေပြင်စာရင်းကွာခြားမှုမရှိစေရေး၊ အခြေခံမဲဆန္ဒရှင်စာရင်းများ မှန်ကန်မှုရှိစေရန် ရပ်ကွက်၊ ကျေးရွာအုပ်စုများအလိုက် စာရေးဝန်ထမ်းများက စနစ်တကျ ပူးပေါင်း တိုက်ဆိုင် စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

သတင်း - မျိုးဇော်သိန်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)