ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး လှာကဒေါင်မွေးမြူရေးဇုန်နှင့် ဘားအံမြို့ရှောင်လမ်းတို့အား ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး လှာကဒေါင်မွေးမြူရေးဇုန်နှင့် ဘားအံမြို့ရှောင်လမ်းတို့အား ကြည့်ရှုစစ်ဆေး






MNP - ဧပြီ   ၂၉

ကရင်ပြည်နယ်အတွင်း သားငါးထုတ်လုပ်မှုကဏ္ဍ တိုးတက်မြင့်မားရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်းဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ဧပြီလ ၂၉ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့၊ လှာကဒေါင်မွေးမြူရေးဇုန် မြေနေရာချထားပေးမှုနှင့် တိရစ္ဆာန်မွေးမြူထားရှိမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လှာကဒေါင်မွေးမြူရေးဇုန် ရှင်းလင်းဆောင်၌ မွေးမြူရေး တောင်သူများနှင့်တွေ့ဆုံရာ ဘားအံခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်လွင်၊ ပြည်နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးဒေါက်တာအောင်မြင့်ဟန်၊ မွေးမြူရေးဇုန်ကော်မတီဥက္ကဋ္ဌတို့က မြေဧရိယာ ၇၆ ဒသမ ၆၀ ဧကပေါ်တွင် မြေကွက်ပေါင်း ၂၃၇ ကွက်ဖြင့် ၂၀၀၄ ခုနှစ်မှစ၍ ကြက်၊ ဝက်၊ ဆိတ်၊ နွား အစရှိသည့် တိရစ္ဆာန်များမွေးမြူခဲ့မှု အခြေအနေ၊ တိရစ္ဆာန်ကောင်ရေ တိုးတက်မွေးမြူလာမှု အခြေအနေ၊ တိရစ္ဆာန်အစာဈေးနှုန်း မြင့်တက်လာသည့်အခြေအနေများကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က  ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး မွေးမြူရေးဇုန်အဝင် ပင်မလမ်း အရှည် ၁၉၅၀ ပေ အား ၁၄ ပေအကျယ်ကွန်ကရစ်လမ်းခင်းပေးရန်၊ နွေရာသီရေလုံလောက်စွာရရှိနိုင်ရေး စက်ရေတွင်းတစ်တွင်းတူးဖော်ပေးရန် လမ်းညွှန်မှာကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လှာကဒေါင်မွေးမြူရေးဇုန်အတွင်းရှိ တောင်သူ ဦးထွန်းအေး၏ DYL ဝက်မျိုးမွေးမြူထားရှိမှုအခြေနေနှင့် ဝက်စာကြိတ်စက်ဖြင့် ဝက်စာများ ကိုယ်တိုင် ကြိတ်ခွဲထုတ်လုပ်နေမှု အခြေအနေ၊ တောင်သူဦးအောင်ဝင်း၏နွားမွေးမြူရေးခြံ၊ ပြည်ကျော်မွေးမြူရေး ခြံရှိ ဥစားကြက်၊ အသားစားကြက် မွေးမြူထားရှိမှုအခြေအနေများကို ကြည့်ရှုအားပေးပြီး မွေးမြူရေးခြံပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေး၊ တိရစ္ဆာန်အညစ်အကြေးများ စနစ်တကျစုပုံ၍ မြေဩဇာအဖြစ်ပြောင်းလဲအသုံးနိုင်ရေး လမ်းညွှန်မှာကြားသည်။

ဘားအံမြို့၊ လှာကဒေါင်မွေးမြူရေးဇုန်တွင် ဥစားကြက်ကောင်ရေ ၄၉၃၅၀ ကောင်၊ အသားစားကြက် ၂၀၀၀ ကောင်၊ ဝက် ၄၂၄ ကောင်၊ ဆိတ် ၄၉၅ ကောင်၊ နွား ၂၄၁ ကောင် မွေးမြူထားရှိပြီး မွေးမြူရေးတောင်သူများက ထပ်မံ၍ အကောင်ရေတိုးချဲ့မွေးမြူသွားမည်ဖြစ်သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး ခင်ဇော်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် ဘားအံမြို့အဝင် သုံးမြှောင့်လမ်းဆုံမှ ကမော့ကစင်ရွာ၊ ကြာအင်းတောင်နှင့် ဇွဲကပင်တောင်ကြားကိုဖြတ်၍ လှာကဒေါင်ကျေးရွာအထိ ဖောက်လုပ်ထားသော ဘားအံမြို့ရှောင်လမ်း ဆောင်ရွက်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လှာကဒေါင်ကျေးရွာ ၅ ဒသမ ၄ ကီလိုမီတာမှ ဇွဲကပင်တောင်နှင့် ကြာအင်းတောင်ကြားကိုဖြတ်၍ ကမော့ကစင်ကျေးရွာ ၂ ဒသမ ၇၇၅ ကီလိုမီတာသို့ ဖောက်လုပ်ထားသော မြို့ရှောင်လမ်း အပိုင်း ၁ ကျောက်အခြေခံလွှာခင်းခြင်းလုပ်ငန်း ဆောင်ရွက် ပြီးစီးမှုအခြေအနေကို ကြည့်ရှု့စစ်ဆေးရာ ပြည်နယ်လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ညိုက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကမော့ကစင်ကျေးရွာ ၂ ဒသမ ၇၇၅ ကီလိုမီတာမှ သံလွင်တံတားသုံးမြှောင့်လမ်းဆုံ ၀ ကီလိုမီတာသို့ ဖောက်လုပ်ထားသော မြို့ရှောင်လမ်း အပိုင်း ၂ ဘက်ခြမ်းရှိ တံတားနှင့် Box Culvert များတည်ဆောက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လာမည့်စိုက်ရာသီတွင် လမ်းဘေးဝဲယာရှိစိုက်ဧကများ၌ သီးနှံများ ရာနှုန်းပြည့်စိုက်ပျိုးရန်၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် အဆင့်မြှင့်တင်ဆောင်ရွက်မည့်လုပ်ငန်းများအား အမြန်ဆုံးစတင်အကောင်အထည်ဖော် ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်း - စောမျိုးမင်းသိန်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)