ရခိုင်ပြည်နယ် မောင်တောမြို့၌ ဦးတည်အုပ်စုတွင်ပါဝင်သူများအား နဝမအသုတ် (ပထမ)အကြိမ် ကိုဗစ် -၁၉ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့၌ ဦးတည်အုပ်စုတွင်ပါဝင်သူများအား နဝမအသုတ် (ပထမ)အကြိမ် ကိုဗစ် -၁၉ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေး




MNP ၊ ဧပြီ ၂၆

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ဦးတည်အုပ်စု တွင်ပါဝင်သည့် သူများ အား နဝမအသုတ် (ပထမ)အကြိမ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ယမန်နေ့  နံနက်ပိုင်းက  သတ်မှတ် နေရာများတွင် ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။ 

ထိုသို့ ဆောင်ရွက်ပေးရာတွင် ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက စာရင်းများ မှတ်ယူခြင်း ၊ ကျန်းမာရေးဝန်ထမ်းများအားက လာရောက် ထိုးနှံသည့် ဦးတည် အုပ်စုတွင် ပါဝင်သည့် သူများ အား ကိုယ် အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာ ပေးခြင်း၊ ကျန်းမာရေး စစ်ဆေးခြင်းများကို ဆောင် ရွက် ပေးကာ ပုံမှန် အခြေအနေရှိမှသာ စနစ်တကျ ကာကွယ်ဆေး ထိုးနှံပေးပြီး ထိုးနှံပြီး သည့် သူများကို မိနစ် ၃၀ ခန့် အနား ယူစေကာ ကာကွယ်ဆေးထိုးနှံနေမှုများအား ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူး များ နှင့် တာဝန်ရှိသူများက ကူညီ ဆောင် ရွက်ပေး လျှက်ရှိသည်။ 

အဆိုပါ ဦးတည်အုပ်စု တွင်ပါဝင်သည့် သူများအား နဝမအသုတ် (ပထမ)အကြိမ်အဖြစ် ယမန်နေ့ နံနက်ပိုင်း က  နိုင်ငံဝန်ထမ်း ၅ ဦး ၊အခြားဝင်ငွေရှိသော လုပ်ငန်းလုပ်ကိုင်သူ ၂၀၈ ဦး ၊မှီခိုသူ ၂၇၅ ဦး စုစုပေါင်း ၄၈၈ ဦးအားထိုးနှံပေးခဲ့ပြီး  မတ်လ ၂၉ ရက်နေ့မှ ဧပြီ ၂၅ ရက်နေ့ထိ နဝမအသုတ် (ပထမ)အကြိမ်အဖြစ် လူဦးရေ ၃၈၈၇ ဦးအား ကျန်းမာ ရေးဝန်ကြီး ဌာန၏ လမ်းညွှန် ချက်များ နှင့် အညီ ထိုးနှံပေးခဲ့ပြီးဖြစ်ရာ ကျန်ရှိသူများကိုလည်း ဆက်လက်ထိုးနှံ ပေး မည် ဖြစ်ကြောင်း သိရသည်။ 


သတင်း - သက်လွင်စိုး 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)