လယ်ဝေးမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးကို တစ်မြို့နယ်လုံး လွှမ်းခြုံနိုင်စေရန် ဆက်လက်ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လယ်ဝေးမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးကို တစ်မြို့နယ်လုံး လွှမ်းခြုံနိုင်စေရန် ဆက်လက်ထိုးနှံပေး

 



MNP -  ဧပြီ    ၂၂


ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာများရှိ ဒေသခံပြည်သူများအား ဧပြီ ၂၂ ရက်က မြို့နယ်အတွင်းရှိ သတ်မှတ်ဆေးထိုးစုရပ် နေရာအသီးသီးတွင်  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးဆက်လက် ထိုးနှံပေးလျှက်ရှိကြောင်း သိရသည်။


ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများမှ ကြီးကြပ်၍ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် တာဝန်ရှိသူများက မြို့နယ် အတွင်း ရပ်ကွက်၊ ကျေးရွာများရှိ အကြောင်းအမျိုးမျိုးကြောင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် မထိုးနှံရသေးသူများ၊ဒုတိယအကြိမ်ထိုးနှံရန် သတ်မှတ်ရက် ပြည့်သူများနှင့် Booster Dose ထိုးနှံရန် သတ်မှတ်ရက်ပြည့် သူများအား မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိ ဆေးထိုးစုရပ်နေရာ အသီးသီးတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ စနစ်တကျ ထိုးနှံဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။


လယ်ဝေးမြို့နယ်အနေဖြင့် ကိုဗစ်ကာကွယ်ဆေးထိုးနှံမှု တစ်မြို့နယ်လုံး လွှမ်းခြုံနိုင်စေရန်အတွက် ဆေးထိုးစုရပ် (၁၅) ခုတွင် ထိုးနှံပေးလျက် ရှိရာ ဧပြီ (၂၁) ရက်အထိကာကွယ်ဆေး ပထမအကြိမ်၈၄%၊ ဒုတိယအကြိမ် ၆၆.၇%၊ Booster Dose (၇၈၃၁)ဦး ထိုးနှံပြီးစီးခဲ့ ကြောင်းမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)