ဒေသတွင်းသားငါးကဏ္ဍဖူလုံပိုလျှံရေး ငါးမွေးမြူရေးဇုန်ဆောင်ရွက်ရန် လျာထားမြေနေရာအား ကွင်းဆင်းကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒေသတွင်းသားငါးကဏ္ဍဖူလုံပိုလျှံရေး ငါးမွေးမြူရေးဇုန်ဆောင်ရွက်ရန် လျာထားမြေနေရာအား ကွင်းဆင်းကြည့်ရှုစစ်ဆေး



MNP - ဧပြီ  ၂၄

ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါ၍ ယမန်နေ့နံနက်ပိုင်းက ဒေသတွင်း သားငါးကဏ္ဍ ဖူလုံပိုလျှံစေရေး သမ္ဘာန်ကျေးရွာအုပ်စုအတွင်း အောင်ငွေဖူးကုမ္ပဏီလီမိတက်မှ ငါးမွေးမြူရေးဇုန်ဆောင်ရွက်ရန် လျာထားသောမြေနေရာအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သမ္ဘာန်ကျေးရွာ စိုက်ပျိုးရေးသုတေသန မျိုးပွားခြံသို့ ရောက်ရှိပြီး ခြံတာဝန်ခံရုံးခန်း၌ ငါးမွေးမြူရေးဇုန် လုပ်ကိုင်ဆောင်ရွက်ရန် အဆိုပြုတည်နေရာနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြရာ ဘားအံခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်လွင်၊ ပြည်နယ်ငါးလုပ်ငန်း ဦးစီးဌာန ညွှန်ကြားရေးမှူးဦးစုံမိုင်းနှင့် အောင်ငွေဖူး ကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူများက ခန့်မှန်း အဆိုပြုဧရိယာ ၂၇၇ ဒသမ ၇၂ ဧကခန့်၌ ငါးမွေးမြူရေးဇုန်လုပ်ကိုင် ဆောင်ရွက်မည့်အစီအမံများ၊ အဆိုပါ မြေဧရိယာအတွင်း တောင်သူများ၏ စိုက်ပျိုးလုပ်ကိုင်မှုအခြေအနေ၊ တောင်သူများနှင့် တွေ့ဆုံညှိနှိုင်းမည့် အစီအစဉ်များအား ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည် များ လမ်းညွှန်မှာကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စိုက်ပျိုးရေးသုတေသန မျိုးပွားခြံ၏ ကုန်ထုတ်လမ်းနှင့် Pipe Culvert (၅) စင်းတည်ဆောက်ခြင်းလုပ်ငန်း၊ အုတ်တံတိုင်း တည်ဆောက်ခြင်းလုပ်ငန်း၊ အတွင်းလမ်းခင်းခြင်းလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးပြီး စိုက်ပျိုးရေးသုတေသနမျိုးပွားခြံရှိ ချွေလှေ့စက်၊ အခြောက်ခံစက်၊ မျိုးစေ့သန့်စင်စက် များကို တောင်သူများလာရောက်အသုံးပြုနိုင်ရေး စီစဉ်ဆောင်ရွက်ပေးရန်နှင့် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လှိုင်းဘွဲမြို့နယ်၊ ရွာသာအေးမွေးမြူရေးဇုန် ရှင်းလင်းဆောင်သို့ရောက်ရှိပြီး မွေးမြူရေးတောင်သူများနှင့် တွေ့ဆုံရာ ဘားအံ ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်လွင်က မွေးမြူရေးဇုန် အကွက်ချထားမှုနှင့် မွေးမြူသည့် တိရစ္ဆာန် အမျိုးအစားများအား ရှင်းလင်းတင်ပြပြီး မွေးမြူရေးဇုန်ကော်မတီဥက္ကဋ္ဌက ဇုန်အတွင်းမွေးမြူထားရှိမှု၊ ရေပိုက်လိုင်းများသွယ်တန်းပေးနိုင်ရေး၊ လျှပ်စစ်မီတာရရှိနိုင်ရေး၊ ပေ ၁၀၀၀ ခန့်ရှိလမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပေး နိုင်ရေး၊ ချေးငွေရရှိနိုင်ရေးနှင့် မွေးမြူရေး တောင်သူများ ကြုံတွေ့နေရသည့်အခက်အခဲ၊ လိုအပ်ချက်များအား ဆွေးနွေးတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ရွာသာအေးမွေးမြူရေးဇုန်တွင် ဥစားကြက်ကောင်ရေ ၂၃၁၀၀၊ အသားစားကြက်ကောင်ရေ ၁၅၀၀ ၊ ဆိတ် ၁၄၀ ကောင်၊ ဝက် ၁၆၉ ကောင်၊ နွား ၃၅ ကောင်၊ တိုင်းရင်းကြက် ကောင်ရေ ၂၀၀ တို့ကို မွေးမြူထားရှိပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဇုန်အတွင်းမွေးမြူထားရှိမှု အခြေအနေများအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

သတင်း - စောမျိုးမင်းသိန်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)