ကျုံပျော်မြို့နယ်တွင် သစ်စိမ်း‌မြေဩဇာ (ပိုက်စံလျှော်) မျိုးစေ့ပေးအပ်ပွဲ၊ ကြဲပက်ပွဲနှင့် နွေစပါး စံကွက်ရိတ်သိမ်းပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျုံပျော်မြို့နယ်တွင် သစ်စိမ်း‌မြေဩဇာ (ပိုက်စံလျှော်) မျိုးစေ့ပေးအပ်ပွဲ၊ ကြဲပက်ပွဲနှင့် နွေစပါး စံကွက်ရိတ်သိမ်းပွဲပြုလုပ်



MNP - ဧပြီ   ၂၅

တောင်သူများအတွက် စိုက်ပျိုး‌ရေးနည်းလမ်းကောင်းများ ပိုမိုအသုံးပြုလာနိုင်ရန်ရည်ရွယ်၍ ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်တွင် သစ်စိမ်း‌မြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့ ပေးအပ်ပွဲ၊ ကြဲပက်ပွဲနှင့် နွေစပါးစံကွက်ရိတ်သိမ်းပွဲကို မန်းစက္ကူကျေးရွာအုပ်စု၌ ဧပြီ ၂၅ ရက်က ပြုလုပ်ခဲ့‌သည်။

ရှေးဦးစွာ သစ်စိမ်းမြေဩဇာ မျိုးစေ့ပေးအပ်ပွဲနှင့် ကြဲပက်ပွဲကို တောင်သူဦးမြင့်၊ ကွင်းအမှတ် (၁၀၆၃B)၊ ဦးပိုင်-(၁၆)၊ ဧရိယာ (၅.၀၀)ဧကနှင့် ဦးစစ်အေး၊ ကွင်းအမှတ်(၁၀၆၃A) ဦးပိုင်(၅/၅)၊ ဧရိယာ(၇.၀၀)ဧက၊ စုစုပေါင်း(၁၂)ဧကတွင် ပြုလုပ်ရာ၊ ပုသိမ်ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင် ဦးစီးမှူး ဦးဝင်းစိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေယျမင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးကျော်ကျော်နှင့် မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးဦးစီးမှူး ဦးမြတ်သိန်းဇော်၊ ကျေးရွာ ချုပ်ရေးမှူးနှင့် တောင်သူများတက်ရောက်ပြီး မျိုးစေ့ပေးအပ်ခြင်းနှင့် ကြဲပက်ခြင်းတို့ကို စုပေါင်း ဆောင်ရွက်ခဲ့ကြသည်။

ထို့နောက်‌ စံကွက်ရိတ်သိမ်းပွဲကို နွေစပါးစိုက်ပျိုးသည့် တောင်သူဦးပြည့်စုံဖြိုး၊ ကွင်းအမှတ် (၁၀၆၃B)၊ ရေနောက်အရှေ့ကွင်း (၂.၁၁) ဧကတွင် မှော်ဘီ-၃ စပါးမျိုးကောင်း အဆင့်အတန်း၌ ပြုလုပ်ရာ (၁၆၀.၇၁)တင်းနှုန်း ထွက်ရှိပြီး၊ အထွက်နှုန်းကောင်းမွန်ကြောင်း သိရသည်။

ကျုံပျော်တွင် ပိုက်ဆံ‌ လျှော်စိုက်ပျိုးရန် ကျုံတနီးစခန်းနယ်မြေအပါအဝင် တောင်သူ စုစုပေါင်း (၁၆၉)ဦး ၏ ဧက(၁၀၀၀) လျာထားခဲ့ရာ ယနေ့အထိ တောင်သူ(၁၃၁)ဦး တို့၏ ဧက(၇၅၀)တွင် စိုက်ပျိုးပြီးစီးပြီဖြစ်ပြီး၊ ကျန်ဧကများကို မေလဒုတိယပတ်တွင် အပြီးစိုက်ပျိုးသွားမည် ဖြစ်ကြောင်းနှင့် တစ်မြို့နယ်လုံး နွေစပါးစိုက်ပျိုးမှုအနေဖြင့် တောင်သူ (၄၁၄၅)ဦးတို့က ဧကပေါင်း(၁၈၀၃၂) ဧကစိုက်ပျိုးခဲ့‌ကြောင်း သိရသည်။

သတင်း - လပြည့်ဦး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)