MNP ၊ ဧပြီ ၃၀
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ကမ်းနားဈေးအတွင်း/အပြင်သန့်ရှင်းသန့်ရပ်လှပစေရေးအတွက် ဌာနဆိုင်ရာ ဝန်ထမ်းများ စုပေါင်း၍ ယနေ့မွန်းလွဲပိုင်းတွင် သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်းသိရကြသည်။
ထို့နောက် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှဦးဆောင်၍တိုင်းဒေသကြီး/ခရိုင်/မြို့နယ်တပ်ဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌ နှင့် အဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများစုပေါင်း၍ဈေးအတွင်းအပြင်သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက် ပေးခြင်း၊ ဈေးလျှောက်လမ်းများအားရေဖြင့်ဆေးကြောသန့်ရှင်းပေးခြင်း၊ ရေပိုက်များဖြင့်ဆေးကြောသန့်ရှင်းခြင်း အမှိုက်သရိုက်များရှင်းလင်းပေးခြင်း စသည့်လုပ်ငန်းများကို သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ပေးခဲ့သည်။
အဆိုပါနေရာသို့တိုင်းဒေသကြီးလမ်းပန်းဆက်သွယ်ရေးဝန်ကြီးရဲမှူးကြီးခင်ကျော် နှင့် တာဝန်ရှိသူများ က ကြည်ရှု့စစ်ဆေး ခဲ့ကြောင်း သတင်းရှိရသည်။
ရွှေပင်လယ်(ထားဝယ်)
https://t.me/MyanmarNationalPost
No comments:
Post a Comment