မုံရွာမြို့နယ်ရှိ BOC စက်သုံးဆီအရောင်းဆိုင်အား NLD အစွန်းရောက် အကြမ်းဖက်များက ငွေကို ဓားပြတိုက်ပြီး ဆိုင်ကို ဖျက်ဆီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မုံရွာမြို့နယ်ရှိ BOC စက်သုံးဆီအရောင်းဆိုင်အား NLD အစွန်းရောက် အကြမ်းဖက်များက ငွေကို ဓားပြတိုက်ပြီး ဆိုင်ကို ဖျက်ဆီး










MNP ၊ ဧပြီ ၂၄

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ မုံရွာ-ရေဦးကားလမ်း ဖန်းခါးကျင်း ကျေးရွာအနီးတွင် ဖွင့်လှစ်ထားသော BOC စက်သုံးဆီအရောင်းဆိုင်အား ဧပြီလ ၂၃ ရက်နေ့တွင် NLD အစွန်းရောက် အကြမ်းဖက်သမားများက ငွေကြေးများ ဓားပြတိုက် လုယက်ယူဆောင်ကာ ဆိုင်ရှိပစ္စည်းများအား ဖျက်ဆီးသွားကြောင်း သိရသည်။

ဧပြီလ ၂၃ ရက်နေ့ ည ၆ နာရီအချိန်တွင် NLD အစွန်းရောက် အကြမ်းဖက်သမား ၁၅ ဦးခန့်သည့် ဆိုင်ကယ် ၇ စီးဖြင့် လက်လုပ်သေနတ်များ ကိုင်ဆောင်ရောက်ရှိလာပြီး အရောင်းဝန်ထမ်းများအား ဖမ်းဆီး၍ စက်သုံးဆီရောင်းရငွေ (ငွေကျပ် ၁၀ သိန်း)အား လုယက်ယူဆောင်ကာ Cannon အမျိုးအစား Printer ၁ လုံး ၊ 5 kg မီးသတ် ဆေးဘူး ၂ ဘူး ၊ ဝန်ထမ်းများပိုင် ဖုန်း ၃ လုံးတို့အား ယူဆောင်ကာ ဆီပန့် ၄ လုံး ဒီဂျစ်တယ်ဒိုင်ခွက်  ၄ ခု ၊ ပြတင်းပေါက်မှန်  ၁၀ ချပ် ၊ ကောင်တာစားပွဲ  ၁ လုံး၊ Acer အမျိုးအစားကွန်ပျူတာ  ၂ လုံး ၊ ရေခဲသေတ္တာ ၁ လုံး ၊ ရေအေးစက် ၂ လုံးတိုအား ရိုက်ချိုးဖျက်ဆီးသွားကြောင်း သိရသည်။ 


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)