သာယာဝတီမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး နှစ်ကြိမ်ထိုးထားပြီးသူများအား (Booster Dose) ထပ်ဆောင်းထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာယာဝတီမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး နှစ်ကြိမ်ထိုးထားပြီးသူများအား (Booster Dose) ထပ်ဆောင်းထိုးနှံပေး



MNP - ဧပြီ   ၂၆

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ မျိုးကွဲသစ် အိုမီခရွန်(Omicron) ဖြစ်ပွားမှုမှ ကြိုတင် ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဆေးထိုးအဖွဲ့များက  ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံ ထားပြီးသော ပြည်သူများ(၃၅၀)ဦးအား (Booster Dose) ထပ်ဆောင်းထိုးနှံပေးခြင်းကို  ယနေ့နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့ ရှိမြို့ပေါ်ရပ်ကွက်များ၌ ထိုးနှံပေးလျက်ရှိသည်။

ယင်းသို့  (Booster Dose) ထပ်ဆောင်းထိုးနှံခြင်းတွင် ကျန်းမာရေးဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ ပူးပေါင်း၍ ကာကွယ်ဆေးထိုးနှံရန် လာရောက်သူများကို အမည် စာရင်း ကောက်ယူစာရင်းသွင်းခြင်း၊ ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ ဆေးမထိုးနှံမီ ဆောင်ရွက်ရမည့်လုပ်ငန်းများ ဆောင်ရွက်ကြပြီး၊ ပုံမှန်အနေအထားရှိမှသာ ကာကွယ်ဆေး ထိုးနှံပေး၍ ကာကွယ်ဆေးထိုးနှံပြီးသူများကို မိနစ်(၃၀)ခန့် အနားယူစေရန် စီစဉ်ဆောင်ရွက် ပေးလျက်ရှိပြီး၊ ယနေ့ထိုးနှံပေးသည့် ကာကွယ်ဆေးအမည်မှာ  (COVAXIN) ကိုဗစ်ရောဂါ ကာကွယ်ဆေးဖြစ်ပြီး၊(Booster Dose) ထပ်ဆောင်း ဆေးထိုးရန် ကျန်ရှိသူများကိုလည်း ဆေးထိုး စုရပ်များတွင် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - သန့်ဇော် 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)