ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်တွင် အသက်(၄၀)နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Booster Dose ထိုးနှံပေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်တွင် အသက်(၄၀)နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Booster Dose ထိုးနှံပေ



MNP -  ဧပြီ   ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Booster Dose ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်မှ စတင်၍   သီရိမင်္ဂလာ ရွှေချမ်းသာ သာသနာ့ဗိမာန်တွင် ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးခဲ့ကြသည်။

ထိုသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Booster Dose ထိုးနှံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ အသက်(၄၀)နှင့်အထက် ပြည်သူများအား စာရင်းမှတ်တမ်း ကောက်ယူခြင်း၊ ကျန်းမာရေး စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးပြီး Booster Dose လာရောက် ထိုးနှံရာတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(၂)ကြိမ်ထိုးနှံပြီးစီးကြောင်း  သက်သေခံစာရွက်များ တစ်ပါတည်း ယူဆောင်လာကြရန်နှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Sinopharm (၂)ကြိမ်ထိုးနှံ ပြီးသူများအား Covid Shield ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို လည်းကောင်း၊ Covid Shield (၂)ကြိမ်ထိုးနှံပြီးသူများအား Covaxin ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို လည်းကောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Booster Dose ထိုးနှံပေး ခဲ့ကြကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)