သထုံမြို့နယ်၌ အသက်(၄၀)နှစ်အထက်ရှိသူများအား ထပ်ဆောင်း Booster Dose နှင့် အသက်(၁၅)နှင့်(၁၈)ကြား လူငယ်များအား ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သထုံမြို့နယ်၌ အသက်(၄၀)နှစ်အထက်ရှိသူများအား ထပ်ဆောင်း Booster Dose နှင့် အသက်(၁၅)နှင့်(၁၈)ကြား လူငယ်များအား ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး




MNP ၊ ဧပြီ  ၂၉

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံထားပြီး ခြောက်လပြည့်ပြီးသည့် အသက် (၄၀)နှစ်အထက် ရှိသူများအား ထပ်ဆောင်းကာကွယ်ဆေး Booster Dose ထိုးနှံပေးခြင်းနှင့် အသက်(၁၅)မှ (၁၈)နှစ်ကြား လူငယ်များအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးခြင်းတို့ကို ယနေ့ နံနက်က ဆေးထိုးစုရပ်များ၌ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ ထိုးနှံပေးရာတွင် သထုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်းရုံးခန်းမနှင့် သုဝဏ္ဏဝတီမြို့ အထက(ကျိုက္ကော်) ရွှေရတုခန်းမစုရပ်တို့၌ ထိုးနှံပေးခဲ့ကြပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်း Booster Dose အဖြစ် AstraZeneca ဆေး ထိုးနှံပေးခြင်း၊ အသက်(၁၅)မှ (၁၈)နှစ်ကြား လူငယ်များအား ပထမအကြိမ် ကာကွယ်ဆေးကို ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးကြရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ မြို့နယ်ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်ရေးကော်မတီမှ တာဝန်ရှိသူများ စေတနာ့ဝန်ထမ်းများက လိုအပ်သည်တို့ကို ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြသည်။

သထုံမြို့နယ်တွင် Booster Dose ထိုးနှံပေးခြင်းကို ဖေဖော်ဝါရီလ ၂ ရက်နေ့၌လည်း‌ကောင်း အသက်(၁၅)မှ (၁၈)နှစ်ကြား လူငယ်များအား ပထမအကြိမ် ကာကွယ်ဆေးထိုးနှံခြင်းကို ဧပြီလ ၁၇ ရက်နေ့၌လည်းကောင်း စတင်ဆောင်ရွက်ခဲ့ပြီး အဆိုပါနေ့တွင် သထုံမြို့နယ်အတွင်းရှိ ပြည်သူ (၂၀၀)ဦးခန့်အား ထိုးနှံပေးခဲ့ကြောင်း မြို့နယ်ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်ရေးကော်မတီမှ သိရသည်။


သတင်း - ကိုကိုဦး

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)