သိန္နီမြို့နယ်တွင် အသက်(၄၀)နှစ်နှင့်အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(၂)ကြိမ်ထိုးနှံပြီးသူများ Booster ထပ်ဆောင်းထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သိန္နီမြို့နယ်တွင် အသက်(၄၀)နှစ်နှင့်အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(၂)ကြိမ်ထိုးနှံပြီးသူများ Booster ထပ်ဆောင်းထိုးနှံပေး



MNP -  ဧပြီ   ၂၆

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ သိန္နီမြို့နယ်တွင် အသက်(၄၀)နှစ်နှင့်အထက် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး(၂)ကြိမ် ထိုးနှံပြီးသူများအား Booster  ထပ်ဆောင်းထိုးနှံခြင်းကို ယမန်နေ့နံနက် ၁၀ နာရီ အချိန်မှစ၍ သိန္နီမြို့၊ သာသနာ့ဗိမာန်တော်ကြီးတွင် ထိုးနှံပေးလျက်ရှိသည်။

ထို့သို့ကာကွယ်ဆေးထိုးနှံရာတွင် ကိုဗစ်−၁၉ရောဂါ ကာကွယ်ဆေး(၂)ကြိမ် ထိုးနှံပြီး၍(၆)လပြည့်သူများ အသက်(၄၀)နှစ်နှင့်အထက် ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Booster ထပ်ဆောင်းထိုးနှံပေးခြင်းဖြစ်သည်။ သိန္နီမြို့နယ်တွင် အသက်(၁၈)နှစ်ပြည့်ပြီး ကာကွယ်ဆေးထိုး နှံရန်လူဦးရေ (၄၂၇၄၆)ဦးရှိရာ ယနေ့အချိန်ထိ ဆေးထိုးနှံပြီးသူ (၃၁၅၈၇)ဦး ဆေးထိုးနှံပြီးဖြစ်သည်။  ဆေးထိုးနှံရန်ကျန်ရှိသူများအား ဆေးထိုးနှံရေးစုရပ်များတွင်လည်းကောင်း၊ Mobile စနစ်ဖြင့်လည်းကောင်း တစ်မြို့နယ်လုံး ထိုးနှံပြီးစီးရေးဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

သတင်း - စောဥမ္မ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)