မြောက်ဦးမြို့တော်ကိုအမှိုက်ကင်းစင်မြို့တော် ဖြစ်စေရေးအတွက် ဌာနဆိုင်ရာများ နှင့်ပြည်သူများ ပူးပေါင်း၍ လမ်းလျှောက်အမှိုက်ကောက်Campaing ပြုလုပ် - MyanmarNationalPost

.com/img/a/

News Agency

demo-image

မြောက်ဦးမြို့တော်ကိုအမှိုက်ကင်းစင်မြို့တော် ဖြစ်စေရေးအတွက် ဌာနဆိုင်ရာများ နှင့်ပြည်သူများ ပူးပေါင်း၍ လမ်းလျှောက်အမှိုက်ကောက်Campaing ပြုလုပ်

027

028

029

030

031

MNP ၊ ဧပြီ   ၃၀

ရခိုင်ပြည်နယ်၊မြောက်ဦးမြို့နယ်သည် အထင်ကရရှေးဟောင်းမြို့တော်ဖြစ်သည်နှင့်အညီ ယူနစ်စ ကိုဝင်နိုင်ရန်အတွက် အမှိုက်ကင်းစင်မြို့တော်ဖြစ်စေရန်အလို့ငှာ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင် ရာ ဝန်ထမ်းများ၊လူမှုရေးအသင်းအဖွဲ့များ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်ဒေသခံပြည်သူများတို့ ပူး ပေါင်း၍ ယနေ့ နံနက် ၇ နာရီအချိန်က  သျှစ်သောင်းဘုရားအနီး ဦးဥတ္တမပန်းခြံရှေ့ နေရာမှ စ တင်၍ အလယ်ဈေးရပ်ကွက် တံတားအထိ ၊၅၄၀ ဂိတ်မှစတင်၍ အလယ်ဈေး တံတား ထိ၊ ဦး ဥတ္တမပန်းခြံရှေ့မှ အထက ၁ကျောင်းရှေ့အထိ အဖွဲ့ ၃ဖွဲ့ခွဲ၍ လမ်းလျှောက်ကာ  ရန်ကုန်-စစ်တွေ ကားလမ်းမကြီးဘေးဝဲယာနေရာများ၌ အမှိုက်များအား စုပေါင်းသန့်ရှင်းရေး လမ်းလျှောက်အမှိုက် ကောက် Campaing ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာနေရာသို့ ရှေ့တန်းအမှတ်  (၅၅) ခြေလျင်တပ်မဌာ နချုပ်မှ တပ်မမှူး ဦးဆောင်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကောင်းမြတ်နိုင်၊ ခရိုင်စီ မံ အုပ် ချုပ်ရေးအဖွဲ့ဝင်၊ ဒုတိယဗိုလ်မှူးကြီး တင်ထူးလှိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးစိုးစိုး သက် နှင့်အဖွဲ့ ဝင် များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ နှင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ ဝင်များ ခရိုင်/ မြို့ နယ် အဆင့်ဌာနဆိုင်ရာများမှဝန်ထမ်းများ၊ ပြည်သူများစုစုပေါင်း ( ၅၂၉ )   ဦး တို့ ပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေးလုပ်ဆောင် လျှက်ရှိ ကြောင်း သိရသည်။

မြောက်ဦးမြို့ ရှေးဟောင်းယဉ်ကျေးမှုဒေသသို့ ပြည်တွင်း၊ ပြည်ပမှဘုရားဖူးဧည့်သည်တော်များ နှင့် အမြို့မြို့အနယ်နယ်မှ ဘုရားဖူးလာရောက်ကြသော ပြည်သူများအနေဖြင့် စိတ်အေး ချမ်းသာစွာ လည်ပတ်နိုင်ရန် နှင့် ယူနစ်စကိုဝင်ရောက်နိုင်ရန်အတွက် အထောက်အကူပြုစေရန် ရည်ရွယ်၍ ဦးဥတ္တမပန်းခြံရှေ့ မှ စတင်၍ အလယ်ဈေးတံတားထိ လမ်းလျှောက် အမှိုက်များကောက်ယူခြင်း၊ ခြုံနွယ်ပိတ် ပေါင်းများ နှင့် ပေါင်းမြက်များအား စုပေါင်းခုတ်ထွင် ရှင်းလင်းခဲ့ကြ ပြီးနောက် မြောက် ဦးမြို့ တော် ကို အမှိုက်ကင်းစင်မြို့တော်ဖြစ်စေရေးအတွက် အပတ်စဉ် စနေနေ့ တိုင်း စုပေါင်းသန့် ရှင်းရေးပြု လုပ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - မြင့်စိုး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages