MNP - ဧပြီ ၃၀
ရန်ကုန်အနောက်ပိုင်းခရိုင်(ဗဟန်း)လူထုအခြေပြုဗဟိုဌာန (Community Center)၌ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲနှင့် လူငယ်နှင့်မူးယစ်ဆေး၊ စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ(၁)နာရီက ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန် ကြေငြာသည့် ကိုဗစ်-၁၉ကပ်ရောဂါ စည်းကမ်းချက်များနှင့်အညီ ကျင်းပကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲများတွင် ကျောင်းသား၊ ကျောင်းသူလူငယ်လူရွယ်များ ဗဟုသုတများ သိရှိနားလည်ပြီး၊ အာရုံစူးစမ်း လေ့လာမှုနှင့် ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်သည့် ဘက်စုံထူးချွန်သော လူရည်မွန်၊ လူရည်ချွန်များ ဖြစ်လာစေရန်၊ တစ်ချိန်တွင်နိုင်ငံတော်က အားထားရမည့် လူချွန်၊လူကောင်းများ ဖြစ်လာစေရန် ရည်ရွယ်၍ ကျင်းပရာ ဗဟန်းမြို့နယ်အခြေခံပညာ အလယ်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်သူ(၂၀)ဦး ပါဝင်ယှဉ်ပြိုင် ကြသည်။
ရှေးဦးစွာ ရန်ကုန်အနောက်ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှဌေးက အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲ၊ လူငယ်နှင့်မူးယစ်ဆေး စာစီစာကုံးပြိုင်ပွဲနှင့် ပတ်သက်သည့် သိကောင်းစရာ အသိပညာများကို ပြောကြားသည်။
ဆက်လက်၍ ပြိုင်ပွဲများကိုကျင်းပရာ အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲနှင့် လူငယ်နှင့်မူးယစ်ဆေး စာစီစာကုံးပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ(၂၀)ဦး အသီးသီးပါဝင်ယှဉ်ပြိုင်ကြပြီး ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများကို အနောက်ပိုင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှဌေး၊ အိုင်ကားဂျာနယ်၊ အယ်ဒီတာချုပ် စာရေးဆရာဝင်းနွယ်(ပုသိမ်)နှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။
သတင်း - အောင်မြင့်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment