လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန Community Centre တွင် အင်္ဂလိပ်စာ(4 Skill) သင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန Community Centre တွင် အင်္ဂလိပ်စာ(4 Skill) သင်တန်းဖွင့်လှစ်





MNP - ဧပြီ    ၂၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန Community Centre၊ သင်တန်းခန်းမတွင် ယနေ့မွန်းလွဲ(၁)နာရီအချိန်က အင်္ဂလိပ်စာ((4 Skill)သင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေသွယ်ဟန်က လူထုအခြေပြုဗဟိုဌာန Community Centre တွင် ဆောင်ရွက်လျက်ရှိသော အသိပညာပေးလုပ်ငန်းများနှင့် ယခုသင်တန်းဖွင့်လှစ်ရခြင်းမှာ နွေရာသီ ကျောင်းပိတ်ရက်များတွင် အချိန်ကို အကျိုးရှိစွာအသုံးချနိုင်ရေး၊ အင်္ဂလိပ်စာ(4 Skill) သင်ကြားခြင်းဖြင့် မိမိတို့၏ ကျောင်းပညာရေးကို အထောက်အကူပြုနိုင်ရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံဖြိုးတိုးတက်ရေး ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ သင်တန်းနည်းပြ၊ အမှတ်(၈)အခြေခံ ပညာအထက်တန်းကျောင်း၊ အထက်တန်းပြ ဦးကျော်ဇင်အောင်က သင်တန်းတွင် သင်ကြားပို့ချမည့် သင်ခန်းစာများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး သင်တန်းအားဖွင့်လှစ်ခဲ့သည်။

အဆိုပါ အင်္ဂလိပ်စာ(4 Skill) သင်တန်းကို အင်္ဂလိပ်စာစိတ်ဝင်စားသူ သင်တန်းသား၊ သင်တန်းသူ(၂၀) ဦးဖြင့် (၂၅.၄.၂၀၂၂)ရက်နေ့မှ (၃၁.၅.၂၀၂၂)ရက်နေ့ထိ သင်တန်းနည်းပြဆရာ ဦးကျော်ဇင်အောင်က အခမဲ့သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - စိုင်းအောင်ကျော်စိုး

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)