ဟင်္သာတခရိုင် ပြန်/ဆက်ရုံး(Community Centre) ခန်းမတွင် စားသုံးသူရေးရာ အသိပညာပေး Talk Show ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဟင်္သာတခရိုင် ပြန်/ဆက်ရုံး(Community Centre) ခန်းမတွင် စားသုံးသူရေးရာ အသိပညာပေး Talk Show ကျင်းပ


MNP - ဧပြီ    ၆

ဟင်္သာတခရိုင် ပြန်/ဆက် ဦးစီးဌာနနှင့် စားသုံးသူရေးရာ ဦးစီးဌာနတို့ ပူးပေါင်း၍ ပြည်သူများ အသိပညာဗဟုသုတ ရရှိစေရန်အသိပညာပေး   Talk Show ဆွေးနွေးပွဲကို  ယမန်နေ့  မွန်းလွဲ ၂ နာရီကဟင်္သာတ ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန   ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ခရိုင်ပြန်ဆက်ဦးစီးဌာန  မှ ဦးစီးအရာရှိ ဒေါ်အေးအေးမာ က  Talk Show  ဆွေးနွေပွဲ    ကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဟင်္သာတမြို့နယ် စားသုံးသူရေးရာ ဦးစီးမှူးဦးမိုးကျော်က စားသုံးသူရေးရာဦးစီးဌာန နှင့်ပတ်သက်၍ မိတ်ဆက်ဆွေးနွေးပြီး မိမိတို့ဌာန၏ မျှော်မှန်းချက်နှင့် ရည်မှန်းချက် များကိုလည်းကောင်း “၂၀၁၉ ခုနှစ် မတ်လ ကစတင်ပြဌာန်း လိုက်သော စားသုံးသူ ကာကွယ်ရေး ဥပဒေအရ ကုန်စည်နှင့် ဝန်ဆောင်မူများ ကို တိုက်ရိုက်သုံးစွဲသူ ပြည်သူများ၏ အခွင့်အရေးနှင့် အကျိုးစီးပွား အတွက်  စားသုဲးသူများ ရရှိခံစား ရမည့် အကျိုးကျေးဇူးများ၊ သိရှိသင့်သည့် အချက်အလက်များ၊ ဈေးကွက်အတွင်း ရောင်းချနေသော ကုန်ပစ္စည်းများ အကြောင်း၊ စာသုံးဆီနှင့်ပတ်သက်သော ကုန်ပစ္စည်း အရည်အသွေးများ” စသည့် အကြောင်းအရာများနှင့် ပတ်သက်၍ ပြည်သူများ သိရှိစေရန် အသိပညာပေး  ဆွေးနွေးပေးခဲ့ကြောင်း သိရှိရသည်။

ဟင်္သာတခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး  ဦးစီးဌာနရုံး တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နည်းလမ်းများနှင့်အညီ စာပေ ဆွေးနွေးပွဲများ၊ အသိပညာပေး Talk Show ပွဲများ၊ စာအုပ်စာစောင်ပြပွဲများ၊ လူငယ်များနှသ့်ပတ်သက်သော နွေရာသီသင်တန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 သတင်း - ကိုဇော် 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)