ပြည်မြို့ လူထုအခြေပြုဗဟိုဌာန(Community Centre) ၌ "ငွေစာရင်းစီမံခန့်ခွဲမှုသင်တန်း" ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်မြို့ လူထုအခြေပြုဗဟိုဌာန(Community Centre) ၌ "ငွေစာရင်းစီမံခန့်ခွဲမှုသင်တန်း" ဖွင့်လှစ်







MNP ၊ ဧပြီ ၂၃

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နံနက် ၉နာရီက "ငွေစာရင်းစီမံခန့်ခွဲမှုသင်တန်း" ဖွင့်ပွဲကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပဲခူးတိုင်းဒေသကြီးဦးစီးမှူး ဦးလှမျိုးအောင် တက်ရောက် သင်တန်းဖွင့်အမှာစကားပြောကြားသည်။


သင်တန်းဖွင့်ပွဲ၌ တိုင်းဒေသကြီးဦးစီးမှူးက အမှာစကားပြောကြားရာတွင် " မိမိတို့ဌာနအနေဖြင့် ဖွဲ့စည်းပုံတိုးမြှင့်လာမှုနှင့်အတူ မြို့နယ်ရုံးများအထိ ငွေထုတ်သူအရာရှိတာဝန်များပေးအပ်ကာ  ငွေစာရင်းလုပ်ငန်းများကို သက်ဆိုင်ရာ မြို့နယ်ဦးစီးမှူးများကိုယ်တိုင် ကြီးကြပ်ဆောင်ရွက်ရမည်ဖြစ်၍ အမှားအယွင်းမဖြစ်စေရေး၊ စာရင်းစစ်ကန့်ကွက်ချက်များမဖြစ်ပေါ်စေရေးတို့အတွက် ယခုသင်တန်းမှငွေစာရင်းဆိုင်ရာပညာရပ်များကို ဂရုတစိုက်ဖြင့် အလေးအနက်ထားလေ့လာသင်ယူစေလိုကြောင်း၊ သင်တန်းပြီးမြောက်ပါကလည်း ငွေစာရင်းခေါင်းစဉ်များအလိုက် သိရှိလိုသောအကြောင်းအချက်များကို သက်ဆိုင်ရာ   မြို့နယ်အလိုက်စာရင်းစစ်ရုံးများနှင့်ချိတ်ဆက်၍ အမြဲမပြတ် မေးမြန်းသင်ယူလေ့လာစေလိုကြောင်း၊  ဝန်ထမ်းများအနေဖြင့်လည်း တိုးတက်ပြောင်းလဲလာသောရာထူးတာဝန်များနှင့်လျော်ညီစွာ ပေးအပ်သောလုပ်ငန်းတာဝန်များကို ယခင်ထက်ပိုမိုကြိုးစားဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် သင်တန်းသို့ လာရောက်သင်ကြားပို့ချပေးပါသော ပြည်ခရိုင်စာရင်းစစ်ဦးစီးမှူးအား အထူးကျေးဇူးတင်ရှိပါကြောင်း" ဖြင့်ပြောကြားသည်။


ထို့နောက် ပြည်ခရိုင်စာရင်းစစ်မှူး ဒေါ်ခင်စန်းဦးက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်ခရိုင်နှင့်မြို့နယ်ရုံးများမှ သင်တန်းသား၊ သင်တန်းသူ ဝန်ထမ်း(၁၄)ဦးအား ပုံစံဌစ(၁)မှ ဌစ(၁၆)အထိ ငွေစာရင်း- စာရင်းရေးသွင်းနည်းများ၊ ရသစ-၆ ငွေစာရင်းရေးဆွဲနည်းနှင့် စာရင်းစစ်ကန့်ကွက်ချက်များ မဖြစ်ပေါ်စေရေးအတွက် ငွေစာရင်းခေါင်းစဉ်အလိုက်ငွေသုံးစွဲနည်းများ အစရှိသည့် ငွေစာရင်းဆိုင်ရာစီမံခန့်ခွဲမှုပညာရပ်များကို စာတွေ့/လက်တွေ့ အသေးစိပ်သင်ကြားပို့ချပေးသည်။ 


အဆိုပါ‌ ငွေစာရင်းဆိုင်ရာစီမံခန့်ခွဲမှုပညာရပ်များကို ပြည်ခရိုင်ခြောက်မြို့နယ်မှ မြို့နယ်ပြန်/ဆက်ဦးစီးမှူးများ အပါအဝင် သင်တန်းသား၊ သင်တန်းသူဝန်ထမ်းများအား ပြည်ခရိုင်စာရင်းစစ်မှူး ဒေါ်ခင်စန်းဦး ၊ ရွှေတောင်မြို့နယ်ပြန်/ဆက်ဦးစီးမှူး ဒေါ်ငြိမ်းငြိမ်းသန့် နှင့် ပြည်ခရိုင်ရုံးမှ (အငြိမ်းစား) ဝန်ထမ်း ငွေစာရင်းကျွမ်းကျင်သူ ဦးစန်းမြင့်တို့က ဧပြီ ၂၃ မှ ၂၄ရက်နေ့အထိ သင်တန်းကာလ နှစ်ရက်ကြာ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်းသိရသည်။


သတင်း - ကိုဆက်

Myanmar National Post


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)