နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre )၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre )၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ





MNP - ဧပြီ   ၂၂


မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ကြီးကြပ် ဦးဆောင်မှုဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က   နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့သည်။


အဆိုပါဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌက နိုင်၄ eID စနစ်ဖြင့် ကွန်ပျူတာရေးသွင်းခြင်း လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန်၊ ဆီထွက်သီးနှံ အနေဖြင့် နေကြာတိုးချဲ့ စိုက်ပျိုးနိုင်ရေး တာဝန်ကျအဖွဲ့များ ကွင်းဆင်းဆောင်ရွက်ရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ရပ်ကွက်/ကျေးရွာများရှိ ဒေသခံပြည်သူများ ကာကွယ်ဆေးထိုးနှံခြင်း တိုက်တွန်းနိုးဆော်ပေးရန်၊ တည်ဆောက်ရေးလုပ်ငန်းများ ဘဏ္ဍာနှစ် အတွင်း ပြီးစီးရေး ကြီးကြပ်ဆောင်ရွက်ရန်၊ ဌာနဆိုင်ရာများနှင့် စာသင်ကျောင်းများ လုံခြုံရေးဂရုပြုရန်၊ သဘာ၀ ဘေးအန္တရာယ်ရှိပါက ချက်ချင်းသတင်းပို့ရန်၊ မြို့အဝင်၊ မြို့အထွက် သန့်ရှင့်သာယာလှပရေး ဆောင်ရွက်ရန်၊ မီးဘေးအန္တရာယ် အထူးဂရုပြုရန်စသည့် အကြောင်းအရာများကို ရှင်းလင်း ပြောကြားခဲ့သည်။


ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာ အကြီအကဲများ၊ ရပ်မိရပ်ဖများနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများက လိုအပ်သည့်အကြောင်းအရာများကို တင်ပြဆွေးနွေးခဲ့ကြရာ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ တင်ပြဆွေးနွေးခဲ့သည့် အကြောင်းအရာများကို ပြန်လည်ဖြည့်စွက် ဆွေးနွေး ပေးခဲ့ကြောင်း သိရသည်။


သတင်း - သင်းသင်းမြတ်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)