တကောင်းမြို့၊ လူထုအခြေပြုဗဟိုဌာ (Community Centre) ခန်းမတွင် အခြေခံပန်းချီဆွဲနည်း သင်တန်းဆင်းပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တကောင်းမြို့၊ လူထုအခြေပြုဗဟိုဌာ (Community Centre) ခန်းမတွင် အခြေခံပန်းချီဆွဲနည်း သင်တန်းဆင်းပွဲ ကျင်းပ

 


MNP  -  ဧပြီ    ၂၉

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ တကောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ (Community Centre) ခန်းမတွင် ယနေ့မွန်းလွဲပိုင်းက အခြေခံပန်းချီဆွဲနည်းသင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူးဦးမင်းဝေဇံမှ အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူး ဒေါ်သီရိအောင်က ကျေးဇူးတင်စကားပြောကြားခဲ့သည်။ ထို့နောက် စာအုပ်၊ စာစောင် ချစ်မြတ်နိုးသူများ အသင်း (Book Club)အဖွဲ့ဝင် ဆရာကြီးဦးတင်ဝင်းမှ သင်းတန်းများ ဖွင့်လှစ်ပေးခြင်းအပေါ် ဝမ်းသာပီတိ မုဒိတာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ အခြေခံပန်းချီဆွဲနည်းသင်တန်းတွင် အကြီးတန်းအဆင့် ၊ အငယ်တန်းအဆင့် ပန်းချီထူးချွန်ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများ အား ဆုများအသီးသီးချီးမြှင့်ခဲ့ကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တကောင်းမြို့ရုံးအနေဖြင့် ကျောင်းသားလူငယ်များ နွေရာသီအားလပ်ရက်၌ အချိန်ကိုအကျိုးရှိစွာ အသုံးချတက်စေရန်၊ အသိပညာဗဟုသုတ တိုးတက်မြင့်မားစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးမှုရစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းများ၊ ဆွေးနွေးပွဲများ၊ ဟောပြောပွဲများ၊ ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပလျက်ရှိရာ ယခုဖွင့်လှစ်သည့် အခြေခံပန်းချီဆွဲနည်း သင်းတန်းသို့ သင်တန်းသား၊ သင်တန်းသူ (၄၈)ဦးတက်ရောက်ခဲ့ကြပြီး  သင်တန်းကာလမှာ ဧပြီလ(၁၉)ရက်နေ့မှ (၂၈) ရက်နေ့အထိ (၁၀) ရက်ကြာ ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။

သတင်း - သီရိအောင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)