ဂန့်ဂေါခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဝန်ထမ်းများ စွမ်းဆောင်ရည် မြင့်မားရေး ရုံးတွင်းစာဖတ်ဝိုင်းပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂန့်ဂေါခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဝန်ထမ်းများ စွမ်းဆောင်ရည် မြင့်မားရေး ရုံးတွင်းစာဖတ်ဝိုင်းပြုလုပ်



MNP - ဧပြီ   ၂၉

ဂန့်ဂေါခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန (Community Centre) ခန်းမ၌ ဝန်ထမ်းများ စွမ်းဆောင်ရည် မြင့်မားစေရေးအတွက် နိုင်ငံ့ဝန်ထမ်း နည်းဥပဒေစာအုပ်ဖြင့် ဝန်ထမ်းများရုံးတွင်း စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့ ၃ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဂန့်ဂေါခရိုင်ရုံး လက်ထောက် ညွှန်ကြားရေးမှူး ဦးစိုးမြင့်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ဦးစီးအရာရှိ(တာဝန်ပေး) ဒေါ်ယဉ်ယဉ်အေးက နိုင်ငံ့ဝန်ထမ်းနည်းဥပဒေစာအုပ် အခန်း(၈) ခွင့်ခံစားခြင်းခေါင်းစဉ်မှ ရှောင်တခင်ခွင့်၊ ကူးစက်ရောဂါကာကွယ်ခွင့်နှင့် လုပ်သက်ခွင့်စသည့် အကြောင်းအရာများအား လည်းကောင်း၊ ရုပ်သံကျွမ်းကျင်-၃ ဒေါ်သူဇာဝင်းက ဆေးလက်မှတ်ခွင့်၊ လစာမဲ့ခွင့်၊ မီးဖွားခွင့်၊ အထူးမသန်စွမ်းခွင့်စသည့် အချက်များအား လည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

ထို့နောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာသည့် ဝန်ထမ်းများက သိရှိလိုသည့် ကိစ္စများအား အပြန်အလှန် ဆွေးနွေးခဲ့ကြကာ ခရိုင်ပြန်/ဆက် လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးမြင့်က ခွင့်(၁၀)မျိုးကို ဆက်လက်၍ဖြည့်စွက် ဆွေးနွေးခဲ့သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဂန့်ဂေါခရိုင်ရုံးတွင် ဝန်ထမ်းများအား လုပ်ငန်းစွမ်းဆောင်ရည် တိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ ရုံးလုပ်ငန်း၊ ငွေစာရင်း၊ စာကြည့်တိုက်ပိုင်းဆိုင်ရာနှင့် သတင်းမီဒီယာဆိုင်ရာ အကြောင်းအရာများကို လစဉ်၊ အပတ်စဉ်တိုင်း စာဖတ်ဝိုင်းများ ကျင်းပဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်း - ထင်အောင်နိုင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)