ဘောဂလိမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာအုပ်စာပေ ချစ်မြတ်နိုးသူများ စာဖတ်ဝိုင်း ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘောဂလိမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာအုပ်စာပေ ချစ်မြတ်နိုးသူများ စာဖတ်ဝိုင်း ကျင်းပ

  


MNP  -   ဧပြီ   ၆

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက  စာအုပ်စာပေ  ချစ်မြတ်နိုးသူများ  ပိုမိုတိုးပွားလာစေရန်၊ အတွေးအခေါ်  အသိအမြင်များ  အချင်းချင်း ဖလှယ်တတ်စေရန်၊   စာပေမှရရှိသော  အသိအမြင်ဗဟုသုတများကို  အသုံးချတတ်လာစေရန်  ရည်ရွယ်၍    “အားနေသောလက်များ”  စာအုပ်ဖြင့်   ယနေ့နံနက်  (၁၀) နာရီအချိန်က    လူထုအခြေပြုဗဟိုဌာန   ( Community  Centre)  ခန်းမ၌  စာဖတ်ဝိုင်း  ကျင်းပပြုလုပ်ခဲ့သည်။

ရှေ့ဦးစွာ  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  မြို့ဦစီးမှူး  ဒေါ်ကြည်ကြည်ခိုင်က  စာဖတ်ဝိုင်း  ကျင်းပပြုလုပ်ခြင်းအားဖြင့်   စာဖတ်သည့် အလေ့အထရရှိစေခြင်း၊  အသိပညာ ဗဟုသုတများ  ပိုမိုတိုးပွားလာခြင်း၊  စာပေမှရရှိသာ  ဗဟုသုတများကို   လူမှုပတ်ဝန်း ကျင်တွင်  အသုံးချတတ်လာခြင်း   ၊ စာပေဖတ်ရှုခြင်းဖြင့်   မိမိကိုယ်ကို  ယုံကြည်မှု ရှိပြီး  အမှားအမှန်ကို   ဝေဖန်ပိုင်းခြားနိုင်ခြင်းစသည့်  ရည်ရွယ်ချက်များကို  ရှင်းလင်းပြောကြားပြီး  တက်ရောက်လာသော   စာအုပ်စာစောင်ချစ်မြတ်နိုးသူများက   စာရေးဆရာအောင်သင်းရေးသားသော     “အားနေသောလက်များ ”  စာအုပ်တွင်ပါရှိသော ခေါင်းစဉ်များအလိုက်   အကြောင်းအရာ များကို  ဆွေးနွေးခဲ့ကြကြောင်း   သိရသည်။

 သတင်း - ကြည်ကြည်ခိုင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)