တနင်္သာရီမြို့နယ် Community Centre တွင် ရှေးဦးသူနာပြုစုခြင်း (အခြေခံ)သင်တန်း (၂/၂၀၂၂) ဖွင့်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီမြို့နယ် Community Centre တွင် ရှေးဦးသူနာပြုစုခြင်း (အခြေခံ)သင်တန်း (၂/၂၀၂၂) ဖွင့်ပွဲအခမ်းအနားကျင်းပ



MNP - ဧပြီ   ၂၃

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်း(ခွဲ)တို့ပူးပေါင်း၍ နွေရာသီကျောင်းပိတ်ရက်အတွင်း ကျောင်းသူ/ သားများအနေဖြင့် အချိန်ကိုအကျိုးရှိစွာနှင့်လူမှုဂရုဏာလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန်အတွက် ကြက်ခြေနီရှေးဦးသူနာပြုစုခြင်း(အခြေခံ)သင်တန်းအမှတ်စဉ် (၂/၂၀၂၂)ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီအချိန်က မြို့နယ်ပြည်သူ့စာကြည့်တိုက် Community Centre အတွင်း ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ ကျင်းပပြုလုပ်ရာ မြို့နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီ (နာယက)မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးနိုင်၊ မြို့နယ်တပ်ဖွဲ့မှူးရဲမှူးနေဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးကျော်ကျော်ခေါင်၊ မြို့နယ်ပညာရေးမှူးဦးခင်ဇော်၊ မြို့နယ်ကြက်ခြေနီအသင်း(ခွဲ)ဥက္ကဋ္ဌ ဦးဇော်ဇော်အောင်နှင့် မြို့ကြက်ခြေနီသူနာပြုတပ်ဖွဲ့တပ်ဖွဲ့မှူး ဒေါ်ဖြူဖြူခိုင်နှင့် နည်းပြဆရာ/ မများနှင့်သင်တန်းသူ/သား (၂၄)ဦးတို့တက်ရောက်ခဲ့ကြသည်။

အခမ်းအနာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးနိုင်က သင်တန်းအဖွင့်အမှာစကားပြောကြားပေးပြီး၊ မြို့နယ်ကြက်ခြေနီးအသင်း(ခွဲ) ဥက္ကဋ္ဌဦးဇော်ဇော်အောင်က သင်တန်းနှင့်ပတ်သက်၍ အမှာစကားပြောကြားပေးသည်။

ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထိန်ဝင်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီးနောက် တက်ရောက်လာသည့် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များနှင့်သင်တန်းနည်းပြများ၊ သင်တန်းသူ/သားများက စုပေါင်းအမှတ်တရ ဓါတ်ပုံရိုက်ကြကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် သင်တန်းသား(၇)ဦး၊ သင်တန်းသူ(၁၇)ဦး ပေါင်း(၂၄)ဦးတက်ရောက်ကြပြီး ဧပြီလ ၂၃ ရက်နေ့မှ ၂၅ ရက်နေ့အထိ (၃)ရက်အကြာကာလအတွင်း ကြက်ခြေနီ အသင်း(ခွဲ)မှ နည်းပြများက ရှေးဦးသူနာပြုစုခြင်း သင်ခန်းစာများကို စာတွေ့၊ လက်တွေ့ သင်ကြားပေးမည်ဖြစ်ကြောင်း သိရှိရသည်။

သတင်း  -  နန်းသာရီ-ထိန်ဝင်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)