နမ့်ခမ်းမြို့ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာရေးဆရာ မောင်မင်းစိုး၏ “လူငယ်နဲ့ အထက်တန်းစား စိတ်ဓာတ်”စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နမ့်ခမ်းမြို့ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာရေးဆရာ မောင်မင်းစိုး၏ “လူငယ်နဲ့ အထက်တန်းစား စိတ်ဓာတ်”စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ




MNP - ဧပြီ     ၆  

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်း မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် စာပေဝါသနာရှင်များ (Book Culb)အသင်းတို့က ပူးပေါင်း၍ ယနေ့နံနက်(၁၀)နာရီအချိန် စာရေးဆရာ မောင်မင်းစိုး၏ “လူငယ်နဲ့ အထက်တန်းစားစိတ်ဓာတ်”စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

နမ့်ခမ်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများမှ အသိပညာဗဟုသုတများ ရရှိစေရန်၊ စာအုပ်စာပေ ဖတ်ရှုလေ့လာမှု တိုးပွားလာစေရန်နှင့် စာအုပ်များအပေါ် စိတ်ပါဝင်စားမှု ရရှိစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းများ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်းကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးညီမောင်ဘဦးက ရှင်းလင်းပြောကြားပြီး စာရေးဆရာ မောင်မင်းစိုး ရေးသားထုတ်ဝေသည့် “လူငယ်နဲ့ အထက်တန်းစား စိတ်ဓာတ်” စာအုပ်တွင်ပါရှိသည့် " လူငယ်နဲ့ အထက်တန်းစား စိတ်ဓာတ်" ခေါင်းစဉ်ပါ  အကြောင်းအရာ များကို ဦးဆောင်ဆွေးနွေးပေးခဲ့သည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာန ဝန်ထမ်းများနှင့် စာပေဝါသနာရှင်(Book Club)အသင်းများက  စာအုပ်ပါ "လူငယ်နဲ့ ပေါင်းသင်းဆက်ဆံရေး"၊ "လူငယ်နဲ့ လိုအပ် ချက်များ"“ လူငယ်နဲ့ အလေ့အကျင့်”နှင့် စသည့် စာအုပ်ပါအကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့သည်။

နမ့်ခမ်းမြို့ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများအား အသိပညာ ဗဟုသုတရရှိတိုးပွားစေရန်အတွက် စာဖတ်ဝိုင်းများ ကျင်းပသည့်အပြင် စာအုပ်စာပေ ရင်းနှီးမှုရရှိစေရန်  ပြည်သူ့စာကြည့်တိုက်တွင် စာအုပ်စာစောင် ငှားရမ်းပေးခြင်း၊ အသိပညာပေး နံရံကပ်စာစောင်၊ နံကပ်ဓာတ်ပုံခင်းကျင်းပြသခြင်းနှင့် စသည့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

သတင်း - ဆိုင်ထွန်း

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)