ရန်ကုန်အရှေ့ပိုင်းခရိုင်(သင်္ဃန်းကျွန်း)ရုံး လူထုအခြေပြုဗဟိုဌာန ( Community Centre) တွင် စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကုန်အရှေ့ပိုင်းခရိုင်(သင်္ဃန်းကျွန်း)ရုံး လူထုအခြေပြုဗဟိုဌာန ( Community Centre) တွင် စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ



MNP - ဧပြီ   ၆

ရန်ကုန်အရှေ့ပိုင်းခရိုင် (သင်္ဃန်းကျွန်း)ရုံး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအား စာပေကို ချစ်မြတ်နိုးတန်ဖိုးထားတက်စေရန်၊  အချင်းချင်းဝိုင်းဖွဲ့ ဆွေးနွေးခြင်း၊ စာပေမှရသော အသိပညာဗဟုသုတများ အတွေးအခေါ် အသိအမြင်များအား အချင်းချင်း မျှဝေတတ်စေရန်၊ စာပေမှရသော ဗဟုသုတများကို အသုံးချ၍ တန်ဖိုးရှိသော လူမှု့ဘဝများ ဖြစ်လာစေရန် ရည်ရွယ်၍ ယမန်နေ့နံနက် ၉ နာရီက လူထုအခြေပြုဗဟိုဌာန( Community Centre)ခန်းမတွင် စာပေချစ်မြတ်နိုး သူများနှင့်စာဖတ်ဝိုင်း ကျင်းပ ပြုလုပ် ခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းတွင် မြို့နယ်လျှပ်စစ်မန်နေဂျာဉီးကျော်ကျော်လှိုင်က စာရေးဆရာဝေယံရေးသားသည့် လျှပ်စစ်ဆိုင်ရာ အသိပညာပေးဆောင်းပါးများ စာအုပ်မှ လျှပ်စစ်အန္တရာယ် သတိပြုဖွယ်၊ လျှပ်စစ်နှင့် မီးဘေးအန္တရာယ်သတိပြုဖွယ်၊ လျှပ်စစ် စက်ကွင်းနှင့် ဓာတ်လိုက်မှု အန္တရာယ်နှင့် လျှပ်စစ်ဓာတ်အားသုံးစွဲသူနှင့် စည်းကမ်းလိုက်နာမှုစသည် အခန်းကဏ္ဍအလိုက် ဆွေးနွေး ခဲ့ရာ၊ တက်ရောက်လာသည့် စာပေချစ်မြတ်နိုးသူများက ၎င်းစာအုပ်ပါအကြောင်း အရာများကို အမြင်ချင်းဖလှယ်ကာ စာဖတ်ဝိုင်း ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

သတင်း - စန္ဒာမိုး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)