အောင်လံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ နွေရာသီ အခြေခံပန်းချီသင်တန်း ဆင်းပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အောင်လံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ နွေရာသီ အခြေခံပန်းချီသင်တန်း ဆင်းပွဲအခမ်းအနားကျင်းပ



MNP - ဧပြီ   ၃၀

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်၌ နွေရာသီအခြေခံပန်းချီသင်တန်း ဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် (၉)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ဆောင်ရွက်ခဲ့ရာ မြို့နယ်ပန်းချီ၊ ပန်းပုအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ သင်တန်းသူ/ သားများ  တက်ရောက်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအောင်မြင့်မြတ် က အဖွင့်အမှာစကား ပြောကြားကာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဦးမျိုးသိန်းက ပန်းချီသင်တန်းဖွင့်လှစ်ရခြင်းအကြောင်းနှင့် ကျေးဇူးတင်စကားပြောကြားပြီး သင်တန်းတက်ရောက်ခဲ့သော သင်တန်းသား/သူများအား သက်ဆိုင်ရာ တာဝန်ရှိသူများမှ  သင်တန်း ဆင်း လက်မှတ်များ ပေးအပ်ခြင်း၊ သင်တန်းတွင် သင်ကြားပို့ချပေးခဲ့သော ဆရာကြီးများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့သည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဝန်ထမ်းများမှ ခင်းကျင်းပြသထားသော စာအုပ်/ စာစောင်ပြပွဲတွင် တက်ရောက်လာသော ကျောင်းသား/သူများမှ စိတ်ဝင်စားစွာဖြင့် ကြည့်ရှုခဲ့ကြောင်း သိရသည်။

သတင်း - ဇင်ဇင်မင်းမောင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)