သင်္ဃန်းကျွန်းမြို့နယ် (Community Centre) ခန်းမ၌ အေရိုးဗစ် သင်တန်းဆင်းပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သင်္ဃန်းကျွန်းမြို့နယ် (Community Centre) ခန်းမ၌ အေရိုးဗစ် သင်တန်းဆင်းပွဲ ကျင်းပ




MNP -  ဧပြီ   ၂၈

လူငယ်လူရွယ်များ နွေရာသီကျောင်းပိတ်ရက် အားလပ်ချိန်တွင် အချိန်ကို အကျိုးရှိစွာ အသုံးပြုတတ်စေရန်၊  ကျန်းမာကြံ့ခိုင်ပြီး အားကစား စွမ်းရည်များ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် နိုင်ငံတော်ကိုအကျိုးပြုမည့် ဗလငါးတန်နှင့် ပြည့်စုံသည့် သားကောင်းရတနာ သမီးကောင်း ရတနာ များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ရန်ကုန်အရှေ့ပိုင်းခရိုင် (သင်္ဃန်းကျွန်း) ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အားကစား နှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ဖွင့်လှစ်သည့် အေရိုးဗစ် သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့၊ နံနက် (၁၁) နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်(သင်္ဃန်းကျွန်း) ရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းဆင်းပွဲတွင် သင်တန်းသူများက အေရိုးဗစ်သရုပ်ပြ၊ ပြသကြသည်။ ထိုနောက် ပြန်/ဆက် ခရိုင်ဉီးစီးမှူးက နည်းပြဆရာမ မြို့နယ်အားကာမှူး ဒေါ်ခင်ဆွေအေးကို အမှတ်တရ လက်ဆောင် ပေးအပ်ခဲ့ကြောင်း သတင်းရသည်။

သတင်း - စန္ဒာမိုး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)