သင်္ဃန်းကျွန်းမြို့နယ် Community Centre ခန်းမ၌ အေရိုးဗစ်သရုပ်ပြပွဲ ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သင်္ဃန်းကျွန်းမြို့နယ် Community Centre ခန်းမ၌ အေရိုးဗစ်သရုပ်ပြပွဲ ဆောင်ရွက်



MNP -  ဧပြီ   ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်(သင်္ဃန်းကျွန်း) ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community- Centre) ခန်းမတွင် အေရိုးဗစ်သရုပ်ပြပွဲကို ယမန်နေ့ ညနေ ၄ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဉီးစီးမှူးက ပြည်သူများ ကျန်းမာကြံခိုင်စေရန် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပူးပေါင်းကာ အေရိုးဗစ်သရုပ်ပြပွဲကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်းပြောကြားပြီး မြို့နယ်အားကာမှူး ဒေါ်ခင်ဆွေအေးက ကျန်းမာကြံ့ခိုင်ပြီး လူငယ်၊ လူရွယ်များ အားကစားကို စိတ်ဝင်စားလာစေရန်နှင့် ကျန်းမာကြံ့ခိုင်၍ ဉာဏ်ပညာဖွံ့ဖြိုး တိုးတက်စေရန်နှင့် မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွန်းလာစေရန်ရည်ရွယ် ဆောင်ရွက်ရခြင်း ဖြစ်ကြောင်းပြောကြားပြီး အေရိုးဗစ်အလှသရုပ်ပြပွဲကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရသည်။

သတင်း - စန္ဒာမိုး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)